" ဟိုးအဝေးမှာတိမ်တွေတွေ့ရင် ကျွန်တော့်ကိုသတိရပေးပါ " တဲ့ , ရတု အဲ့ဒီလိုပြောတော့ တိမ်တွေကိုအရုပ်ဆက်လို့ ခင်ဗျားရုပ်သွင်ပုံဖော်, ညနေခင်းတွေကို အသက်ဝင်စေတတ်ခဲ့တယ်..
" ကိုယ့်ကိုယ်ကို ချစ်ပါ"
အင်း..ရတု !
ကိုယ့်ကိုယ်ကိုချစ်ကြလို့ပဲ ကိုယ်ခန္ဓာမှာအရေးကြီးဆုံး နှလုံးသားကို နေကောင်းအောင်ထားကြတာမဟုတ်လား!!
နှလုံးသားကမဖျားနာရင် ကျန်တဲ့အရာတွေ အလိုလိုကိုအဆင်ပြေနေတတ်တယ်လို့ ကျွန်တော်ကယုံကြည်ထားတာ..ခရမ်းရောင်အသည်းပုံလေးတစ်ခုက
ကျွန်တော့်နှလုံးသားကို လှိုက်ဖိုစေတယ် ...
ကျွန်တော့်ပျော်ရွှင်မှုရဲ့မြစ်ဖျားခံရာက 'ရတုရှင်းဒီပါ'
သြော်.. ချစ်ပါတယ်
အတိုင်းအဆမဲ့ ချစ်ရပါတယ် ရတုရယ်....ဘယ်တော့မှမရွာချမယ့်တိမ်အစုအဝေးကို ရွာချနိုးနိုးမျှော်ကြည့်နေခြင်းမဟုတ်ဘဲ လေယူရာတိမ်း,ယိမ်းသွားတဲ့အထိ အနာတရမရှိဘဲ ရွေ့လျားသွားစေချင်လိုတဲ့စိတ်ဆန္ဒတစ်ခုနဲ့ မျက်ခြေမပြတ်စောင့်ကြည့်နေတတ်ခဲ့ရုံသာ....
ဒီလူဟာ ခင်ဗျားတောက်ထုတ်လိုက်တဲ့ စီးကရက်မီးခိုးငွေ့ကအစ အမိအရဖမ်းဆုပ်ထားချင်သူ
မတောက်တစ်ခေါက်စာတိုပေစတွေကို ရည်ရွယ်သူထံ တခုတ်တရပေးပို့ချင်သူ
On this day memory မှာပြန်ပေါ်လာမယ့်အမှတ်တရတချို့ကိုမှန်းမျှော်လို့ ပစ္စုပ္ပန်မှာသိမ်းဆည်းထားချင်သူ
ဒီလောက်ပဲပေါ့....
ဒီထက်ပိုပြီး ဘာအသီးအပွင့် အကိုင်းအခက်ကိုမှ မမျှော်ကိုးခဲ့ဘူး။ခင်ဗျားကိုမြတ်နိုးမိတဲ့အချိန်ကစလို့
ကဗျာတွေကိုပိုချစ်တတ်လာတယ်...
သဘာဝတရားတွေကို သိပ်လှတယ်လို့ခံစားတတ်လာတယ်..
လကိုဖုံးတတ်လို့ အရင်ကမနှစ်မြို့ခဲ့တဲ့တိမ်တွေကိုလည်းချစ်တတ်လာတယ်..
ချစ်ခြင်းတရားကို ပိုနားလည်လာတယ်..
ဖြစ်တည်မှုတိုင်းကို တန်ဖိုးထားတတ်လာတယ်...နေ့စဉ်ဘဝထဲ ရှင်သန်နေထိုင်ရင်း ရုန်းကန်ရင်း
နာမည်တစ်ခုကိုဖွဖွရွတ်လို့ ပြုံးနေတတ်ခဲ့တယ်...
ဝေးကွာခြင်းဆိုတာကို မကြောက်တော့ဘဲ
ဆုံတွေ့ခဲ့တဲ့ရေစက်ကိုတန်ဖိုးထားစွာ ကျေးဇူးတင်တတ်လာတယ်..စကားမစပ်....
မေ့ပစ်ဖို့တဖွဖွပြောတတ်သူ ခင်ဗျားရေ
တစ်သက်လုံးသတိရနေမှာဆိုတဲ့စကားမျိုး ဒီလူ့နှုတ်ဖျားကတစ်ခွန်းမဟခဲ့ဖူးသလို
မေ့ပစ်ဖို့လည်း တကူးတကမကြိုးစားချင်
သူ့အလိုလိုဖြစ်တည်လာတဲ့ခံစားချက်တိုင်းကိုသာ လက်ခံသည်မို့
ကျွန်တော့်နှလုံးသားက ခင်ဗျားကိုလက်ခံနေသရွေ့ချစ်မယ်
လက်မခံတော့တဲ့တစ်နေ့ နှုတ်ဆက်မယ်...
ကိုယ်စေညွှန်လို့မရတဲ့အရာတွေအတွက် အာမဘန္တေမခံချင်ခဲ့...ဒီလိုနဲ့ နေ့တွေညတွေလချီခဲ့ပြီ..
ရန်ကုန်မှာနေတွေတအားပူတယ်
ပြင်ဦးလွင်မှာရောသာသာယာယာပဲလား !
ပြင်ဦးလွင်နဲ့ရန်ကုန်မိုင်တွေခြားနေပေမယ့်
စိတ်ဝိညာဉ်ကပ်ငြိလို့ အတွေးစိတ်ကူးနဲ့ မကြာခဏအလည်ရောက်ဖြစ်နေတယ်...နေပျော်အောင်နေပါ
လောကကြီးဆီကနေသင်ယူပါ
ရှင်သန်နေထိုင်တဲ့ပတ်ဝန်းကျင်ကပေးတဲ့ နာကျင်စရာတွေကိုသယ်ဆောင်မထားနဲ့
နေပျော်စရာမကောင်းတဲ့ဘ၀မှာ ပျော်အောင်နေတတ်ဖို့လိုအပ်တယ်...
ခင်ဗျားအပြုံးတွေနဲ့ ကျွန်တော့်ပျော်ရွှင်မှု တိုက်ရိုက်အချိုးကျတာမို့
ပြုံးဖို့လည်းမမေ့နဲ့ .. တိတ်တဆိတ်ဖြစ်ဖြစ်ပေါ့..
ပျော်ရွှင်မှုဆိုတာဘာလဲလို့မေးရလောက်တဲ့အထိ
မလှပသေးတဲ့အခြေနေတွေနဲ့ လုံးထွေးနေတဲ့လူကို
ပြုံးဖို့ပြောရတာ အားတော့နာပါရဲ့..
နေပျော်စရာမကောင်းတဲ့ဘဝမှာ ပျော်အောင်နေတတ်ဖို့လိုအပ်တယ်...
ဒါကြောင့်
ဒါကြောင့်ပေါ့ ရတုရယ်...
ဘယ်လိုအခြေနေမှာမဆို ပျော်အောင်သာနေပါ..သေဖို့မွေးဖွားလာတဲ့လူ့ဘဝထဲ
နာကျင်စရာတွေချည်း ပိုင်ဆိုင်ရမယ်ဆိုရင်တော့ ဘယ်တရားပါ့မလဲ
ကိုယ်လက်ခံမှ ကိုယ့်ဆီရောက်လာမယ့် နာကျင်မှုတွေ လက်သင့်မခံနဲ့
ပင်ပန်းမှုတွေရိုက်ချပစ်လိုက်
နေပျော်စရာမကောင်းတဲ့ဘ၀မှာ ပျော်အောင်နေတတ်ဖို့လိုအပ်တယ်... ။#SyWy 📝

YOU ARE READING
ချစ်သော... Yatu Shin Depar
Randomချစ်ခြင်းတရားက ချစ်နေရခြင်းမှာ ပျော်မွေ့ဖို့ပဲလိုတာပါ.. ။