ရင်တွေနာရတယ် ကျွန်တော့်ရဲ့ရတုရေ ...
Update တစ်ခါတင်တိုင်း ရင်တမမနဲ့ ကျွန်တော့်ရဲ့ရတုကိုဘာများပြောကြမလဲဆိုပြီး စိတ်ပူရတယ်..
လူဆိုးမှမဟုတ်ဘဲ, ဗီလိန်မှမဟုတ်ဘဲကိုကွယ်
ဘာကြောင့်များပြောချင်နေကြပါသလဲ??
" သူချစ်ပုံက အတ္တကြီးလိုက်တာ " တဲ့လား!!
ဘယ်အရာတွေကများ အတ္တကြီးစေခဲ့သလဲ မေးလိုက်ချင်ပါရဲ့
ချစ်နေတာတောင် ချစ်တယ်ဆိုတာ ထုတ်ဖော်ပြောခွင့် ခုထိအခွင့်မသာ
ဒုတိယလူရယ်ပါ ....
လွမ်းတာကိုလွမ်းကြောင်းပြောခွင့်မရှိ ၊ အလွမ်းတွေကို ဓာတ်ပုံ album ကြည့်ပြီးဖြေသိမ့်ရသူ
အခွင့်အရေးယူခဲ့တာဘာများရှိသလဲ ကျွန်တော်လေမေးလိုက်ချင်တယ်..
ရင်တွေလည်းနာရတယ် ကျွန်တော့်ရဲ့ရတုရေ...
တစ်ယောက်တည်းစိတ်ပင်ပန်းတဲ့အခါ ၊ ပျင်းတဲ့အခါ ၊ ထမင်းမစားချင်တဲ့အခါဆိုတာတွေမှာ
ခင်ဗျားဘာလုပ်တတ်လဲသိတဲ့နေ့က ကျွန်တော့်ရင်တွေကြေမွလို့
ပြေး၍သာဖက်ထားလိုက်ချင် ><
ဖြစ်နိုင်ရင် ခင်ဗျားကို အကုန်လုံးနဲ့အဝေးကိုသာဆွဲထုတ်သွားလိုက်ချင်ရဲ့
မဟုတ်လည်းမြန်မြန်ဇာတ်သိမ်းပါတော့ ဆုတောင်းတယ်..
တစ်ခါတစ်ခါဆို သေသာပေးလိုက်ပါတော့ဆိုပြီး အော်ဟစ်ပစ်ချင်တယ်..
ကျွန်တော့်ရဲ့ ရတုပင်ပန်းလှပြီ ...
လူဆိုးလို့သူတို့စွပ်စွဲသတ်မှတ်ထားတဲ့ ကျွန်တော့်ရတုရဲ့ စိတ်ဒဏ်ရာတွေကို ဘယ်သူကများနားလည်ပါမလဲ.. ထင်သာမြင်သာအောင် ချပြခြင်းမရှိတော့လည်း မမြင်ကြတာမဆန်းပါဘူးလေ...
ဘယ်တော့မှ ကျွန်တော့်ရတု ပျော်ရွှင်ရပါ့မလဲ...
ကျွန်တော့်ဆန္ဒက ခင်ဗျားပျော်ရွှင်စေဖို့ တစ်ခုရယ်ပါ ...
ခင်ဗျားရဲ့ပျော်ရွှင်မှုဆိုတဲ့ခေါင်းစဉ်အောက် -
ရှင်းနူးဆိုတဲ့ OTP အကောင်အထည်ပေါ်ဖို့မဟုတ်ဘူး
ဆူးရတီလင်းကို မချစ်ရဘူးဆိုတဲ့ အတ္တတွေမပါဘူး
ဘာကြောင့်ပဲဖြစ်ဖြစ် ခင်ဗျားတစ်ယောက်ပျော်တယ်ဆို
ဘယ်အရာမဆို လက်ခံနိုင်တဲ့သူဟာ ကျွန်တော်ပါ..
ဘာမှမတတ်နိုင်ခဲ့ဘူးရတု...
ကျွန်တော့်ရတုရဲ့ နာကျင်ခြင်းတွေကို ထိုင်ကာသာကြည့်နေရတဲ့ဘ၀ရယ်ပါ
ဘ၀တစ်လျှောက်လုံး ပင်ပန်းခဲ့ရခြင်းတွေ အမြန်ဆုံးအေးချမ်းပါစေ။
နောက်ဘ၀တွေမှာတော့ အထီးကျန်ရခြင်းတွေမခံစားရပါစေနဲ့ ။
ချစ်ခြင်းမေတ္တာကို အပြည့်အ၀ခံစားရပါစေပေါ့ ။
ဆုတောင်းပေးရုံကလွဲ ကျွန်တော်ဟာ မတတ်နိုင်ခဲ့ ... ။
#SyWy (290318 - 09:37AM)
YOU ARE READING
ချစ်သော... Yatu Shin Depar
Randomချစ်ခြင်းတရားက ချစ်နေရခြင်းမှာ ပျော်မွေ့ဖို့ပဲလိုတာပါ.. ။