ရန်ကုန်မှာ မိုးတွေ အငြိုးကြီးစွာ သည်းသည်းမဲမဲ ရွာချနေလေရဲ့
ခင်ဗျားနေထိုင်ရာအရပ်မှာ ပူပြင်းခြောက်သွေ့နေမလား.. စိုစွတ်အေးမြနေလေမလား!!!
ချစ်တဲ့စိတ်လေးတစ်ခုတည်းနဲ့တောင်းဆုခြွေရစတမ်းဆို
အေးသောအရပ်မှာ နွေးထွေးမှုကိုရရှိစေပြီး
ပူသောအရပ်မှာ အေးမြခြင်းကိုခံစားရပါစေပေါ့......
သေဆုံးသွားတဲ့လူတစ်ယောက်ကိုထပ်မတွေ့ရတော့သလိုမျိုး
ဝေးကွာခြင်းကအတိုင်းအဆမဲ့...
Oh! ဘယ်ကသာလေ
ကိုယ်တို့နှစ်ယောက် ဘယ်တုန်းကမှ မနီးစပ်ခဲ့ကြတာ ။မိုးတွေခြိန်းတယ်.. လျှပ်စီးတွေလက်တယ်
ငေးနေကြ ကောင်းကင်ကြီးဟာမည်းမှောင်လို့
ကြောက်မက်ဖွယ်...
ဟိုတစ်စ ဒီတစ်စ ဥဒဟိုပြေးလွှားနေတဲ့လူတွေကြည့်ရင်း
ခင်ဗျားကိုသတိရတယ်ဆို ရယ်လေမလား!!
မဆီမဆိုင်နဲ့နော်....သိပ်တော့လည်းမဆန်းပါဘူး
ဒီလိုမဆီမဆိုင်တာတွေထဲက လိုရာဆွဲယူပြီး ခံစားချက်ကိုစီးမျောစေတတ်တာ
ဒီလူရဲ့သောက်ကျင့် ။မိုးတွေရွာဆဲ.....
ခင်ဗျားကိုသတိရမြဲ.....
မိုးကသည်းလေ...
အလွမ်းဆိပ်ကတက်လေ.....အပြင်မှာရွာနေတဲ့မိုးတိတ်သွားတောင် ရင်ထဲကအလွမ်းမိုးကစဲပါ့မလား...
တစ်နေ့နေ့တော့ စဲကောင်းစဲနိုင်ပါရဲ့... ။
ဆိုပါတော့......
တစ် နေ့ နေ့ ပေါ့ ............ ။#SyWy (120518_10:52AM)

ВЫ ЧИТАЕТЕ
ချစ်သော... Yatu Shin Depar
Разноеချစ်ခြင်းတရားက ချစ်နေရခြင်းမှာ ပျော်မွေ့ဖို့ပဲလိုတာပါ.. ။