ခင်ဗျားကို ရင်ထဲကထုတ်လိုက်ပြီ။
ဘယ်တုန်းကမှ မနီးခဲ့သလို အခုလည်းအပြီးတိုင်ဝေးကွာလိုက်ကြတာပေါ့... ။
ခင်ဗျားရဲ့နာကျင်ရခြင်းတွေမှာ ထပ်တူလိုက်ခံစားပေးတော့မှာမဟုတ်တဲ့အတွက် Sorry ပါ။
ဒုတိယလူကိုချစ်ရတာပင်ပန်းတယ်ဗျ
ဆက်ပြီးပင်ပန်းမခံနိုင်တော့ဘူး
ခင်ဗျားဘာသာဆက်ပြီးခံစား၊ နာကျင်, ကျွန်တော်ကတော့ ဒိုးပြီ။
ဘယ့်နှယ်.. ပျော်ရွှင်စရာတစ်ခုမှမရှိတဲ့သူကို ချစ်မိတာများ
ဆိုးရွားလိုက်တာဆိုတာ ..
ဘာဖြစ်ဖြစ် ထပ်တူခံစားမယ်ပေါ့ အားခဲပြီး
ချစ်လိုက်မိတာ နောင်တတောင်အခါခါရချင်သွားတယ်...
ပျော်ရွှင်မှုဆိုတာလက်ချိုးရေလို့ရတယ်.. ရှားမှရှား
ဆိုတော့ ရုန်းထွက်ချင်ပြီလေ....။
အဆုံးထိရှိမနေပေးနိုင်တာ တောင်းပန်ပါတယ် _/\_
လူပဲလေ ပျော်ရတာကိုပဲလိုလားမှာပေါ့...
အမြဲနာကျင်ခံစားနေရတဲ့အခါကျ စိတ်ပျက်လာမိတယ်..
ကျွန်တော် ခင်ဗျားကို စိတ်ပျက်လာပြီ။
ခင်ဗျားရဲ့ဘ၀ကြီးကိုလည်း စိတ်ပျက်..
စိတ်ပျက် စိတ်ပျက် ><
ပျော်ရတော့မလား? ပျော်ရတော့မလား !
ဆိုပြီး မျှော်တလင့်လင့်နဲ့ ဆက်လိုက်လာသော်လည်း
အခုထိ မျှော်ရတာသာမောတယ်...
မျက်ရည်တဖက် နှပ်တဖက်နဲ့ပဲ နှစ်ပါးသွားကရတုန်း
မမိုက်ပါဘူးဗျာ...
ကံဆိုးကောင်သွားလေရာ လိုက်နေရင် မိုးမိတာပဲအဖတ်တင်မယ်
စိတ်နှလုံးချမ်းမြေ့ရမှာတော့မဟုတ်ဘူး ။
ကျွန်တော်နှုတ်ဆက်လိုက်ပါတယ်...
GiZ တစ်ယောက်အဖြစ်ကနေ ရုန်းထွက်လိုက်ပါပြီ။
ကျေးဇူးတင်စရာရှိတာတွေအတွက်လည်း ကျေးဇူးပါ။
မှားခဲ့တာတွေအတွက်လည်း Sorry ပါ။
တစ်သက်တာအတွက် Hey! Bye Bye....
Baby Bye Bye!
Good Luck!
#SyWy (010418 - 11:53AM)
#AprilFoolDay

ESTÁS LEYENDO
ချစ်သော... Yatu Shin Depar
De Todoချစ်ခြင်းတရားက ချစ်နေရခြင်းမှာ ပျော်မွေ့ဖို့ပဲလိုတာပါ.. ။