ချစ်ခွင့်ရှိတယ်ဟုတ်? ရူးသွပ်စွဲလန်းခွင့်ရောရှိလား ?
ကျွန်တော်ဟာ ချစ်ခြင်းမေတ္တာတရားတွေကို ခင်ဗျားအပေါ်သုံးစွဲသင့်တာထက်ပိုခဲ့တယ်ထင်ပါရဲ့
ကျွန်တော့်ရဲ့အရာရာဟာ ခင်ဗျားဖြစ်လာတယ် ..
စိတ်ကူးထဲကလူမို့ ၊ အပြင်လောကမှာ တကယ်မရှိတဲ့သူမို့ မချစ်သင့်ဘူးလား!
ရုပ်တွေနာမ်တွေထိတွေ့ခွင့်ရမှသာ ချစ်လို့ရတယ်ဆို အဲ့ဒါဟာအချစ်မှမဟုတ် တဏှာတွေနွယ်မနေဘူးလား!
ကျွန်တော်က လှပနူးညံ့တဲ့ အချစ်တစ်ခုကို ပုံဖော်ချင်ခဲ့ဖူးတယ်..
ချစ်နေရခြင်းရဲ့စိတ်ခံစားချက်တွေကို ကျွန်တော်နှစ်သက်တယ်...
ရုပ်မမြင်အသံမကြားရတဲ့ အပြင်လောကမှာမရှိတဲ့ လူသားကိုချစ်လို့ ဘာတွေဆုံးရှုံးသွားနိုင်မလဲ?
နေရာတကာမှာတော့ အကောင်းနဲ့အဆိုးဒွန်တွဲနေတာပဲကို ..နှလုံးသားအတွင်းပိုင်းထိထည့်ထားမိလို့ နာကျင်မှာကိုမစိုးရိမ်ပါနဲ့
တစ်ချို့နာကျင်ခြင်းတွေက မခါးသက်ဘဲ ချိုမြိန်တတ်ကြတယ်..
နေ့စဉ်ဘ၀တွေထဲ ခင်ဗျားဆိုတာမရှိဘူးလေဆိုပြီး တရားမပြနဲ့
ကျွန်တော့်စိတ်ကူးထဲခင်ဗျားကိုထည့် ခေါ်ဆောင်ပြီး ကျွန်တော့်တစ်နေ့တာတွေကို ဖြတ်ကျော်လို့ရတယ်
အနည်းဆုံးတော့ ကျွန်တော့်အနားခင်ဗျားရှိတယ်ဆိုတဲ့အသိနဲ့ ကျွန်တော်အထီးကျန်ခြင်းတွေနဲ့ ဝေးသွားတာပေါ့xDကျွန်တော့်အတွက်အချစ်ဆိုတာ ကျွန်တော့်အနားရှိနေမှမဟုတ်ဘူး
ကျွန်တော်က အဝေးကြီးကလူကိုလှမ်းမျှော်ချစ်ရတာကိုနှစ်သက်တာ
နင့်နေအောင်လွမ်းရတာမျိုးကိုမှ ခုံမင်နေတတ်တဲ့ ခပ်ဆိုးဆိုးအရူးတစ်ကောင်
လူချင်းဘယ်တုန်းကမှ မနီးဖူးပေမယ့်
ရင်ထဲမှာ ဘယ်တုန်းကမှ မဝေးဖူးခဲ့ဘူး ..
ဒါဟာ သဘာဝလွန်အချစ်တစ်ခုဆိုရင်တောင်
ကျွန်တော့်ရင်ထဲက ကျွန်တော်နှစ်သက်တဲ့အချစ်ကိုတော့
လွတ်လပ်စွာ ကျွန်တော်စိတ်ရှိသလို ဆက်ချစ်ခွင့်ရချင်တယ်...လူတိုင်းကတစ်မျိုးမဟုတ် တစ်မျိုးတော့ရူးသွပ်နေကြတာပဲလေ
ဒီလိုသဘာဝလွန်အချစ်တစ်ခုမှာ ကပ်ငြိပြီး ရူးသွပ်နေတာလည်း
တစ်မျိုးတော့ ချစ်ဖို့ကောင်းတယ်မထင်ဘူးလား..
Fan girl တစ်ယောက်ရဲ့အချစ်တွေမှာ ရယူလိုမှုတွေပါရင်တောင်
တစ်ခုတည်းသောရယူလိုမှုက ချစ်နေခွင့်ရချင်တာလေးပဲ...နာကျင်မှာဆိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ မစွဲလန်းဖို့တားမြစ်ချင်တဲ့အခါ စဉ်းစားပါ
စွဲလန်းမှုတွေကို ကျိတ်မှိတ်မျိုချ ခပ်ဝေးဝေးကနေငေးရတာကရော မနာကျင်ရဘူးတဲ့လား ?
တစ်နေ့တော့ခွဲရမယ့်သူတွေချည်းပါပဲ လူတိုင်းက..
ကျွန်တော့်ကမ္ဘာကနေ ခင်ဗျားပျောက်သွားတဲ့နောက်တော့လည်း
ရပ်တန့်ငေးမောလို့ ခင်ဗျားမရှိခြင်းတွေမှာ
ကျွန်တော်ငိုချင်ငိုနေမိမယ်..
ဆုံစည်းခဲ့ကြခြင်းဟာ သိပ်လှတဲ့အမှတ်တရတစ်ခုအဖြစ် ထွေးပိုက်လို့ ရှင်သန်ချင်တယ်..
တစ်ချိန်ချိန် ခင်ဗျားအကြောင်းတွေးတဲ့အခါ ကြည်ကြည်နူးပြုံးနေချင်ခဲ့တယ်..
အသက်တွေကြီးလာတဲ့တစ်နေ့နေ့မှာ အခုလိုမျိုးချစ်ခဲ့ဖူးပါလားဆိုတဲ့ အသိနဲ့ ကျွန်တော့်ရင်ကိုနွေးစေချင်တယ်...ဒီလောက်ပဲပေါ့ ဘဝမှာ.. လုံလောက်စွာကျေနပ်ပါတယ် ..။
YOU ARE READING
ချစ်သော... Yatu Shin Depar
Randomချစ်ခြင်းတရားက ချစ်နေရခြင်းမှာ ပျော်မွေ့ဖို့ပဲလိုတာပါ.. ။