#Grey
Unicode ver
လွန်ခဲ့တဲ့နှစ်တစ်ရာခန့်က။Daeguမြို့လယ်ခေါင်မှာနာမည်ကြီးအထက်တန်းကျောင်းတစ်ခုရှိခဲ့တယ်..ကျောင်းတိုင်းလိုလိုမှာလိုပဲ သူတို့ကျောင်းမှာလည်းနာမည်ကျော်ကျောင်းသားလေးတစ်ယောက်ရှိခဲ့တာပေါ့..နာမည်လည်းကြီးစာကလည်းတော်ပြီးအရာရာပြည့်စုံနေတဲ့ကျောင်းသားလေးကိုလူတိုင်းလိုလိုသဘောကျကြတယ်လေ..အဲ့ဒီထဲမှာကျောင်းသူသစ်လေးလည်းအပါအဝင်ပေါ့..
တစ်နေ့တော့မိန်းကလေးကကောင်လေးကိုဖွင့်ပြောလိုက်လေတယ်..မာနကြီးတဲ့ကောင်လေးကမိန်းကလေးရဲ့အချစ်ကိုပြက်ရယ်ပြုပြီးလက်မခံခဲ့ဘူး..
အရှက်ကြီးတဲ့မိန်းကလေးဟာအညှိုးကြီးစွာနဲ့ပဲကောင်လေးကိုကျိန်စာတိုက်လိုက်တယ်..
"ငါ့အချစ်ကိုပြက်ရယ်ပြုတဲ့နင့်ကိုငါကျိန်စာတိုက်မယ်..ဒီနေ့ကစပြီးနင်ဟာကျောင်းရဲ့musicအခန်းထဲမှာရှိတဲ့မှန်ကြီးထဲမှာထာဝရပိတ်မိနေစေရမယ်..အဲ့ဒီအခန်းထဲကလွဲရင်နင်ဘယ်ကိုမှထွက်သွားလို့မရစေရဘူး..အချစ်စစ်နဲ့မတွေ့မချင်းနင်ဟာဒီအသက်အရွယ်ဒီပုံစံအတိုင်းပဲရှိနေလိမ့်မယ်..နင့်ရဲ့အချစ်စစ်ဆီကစစ်မှန်တဲ့မေတ္တာတရားနင့်အပေါ်သက်ရောက်လာတဲ့အချိန်ကျရင်နင်ကျိန်စာကနေလွတ်မြောက်လိမ့်မယ်''
အညိုးတကြီးနဲ့တိုက်လိုက်တဲ့ကျိန်စာကြောင့်အဲ့နေ့ကစပြီးကောင်လေးဟာမှန်ကြီးထဲမှာပိတ်မိနေခဲ့လေတယ်..အချစ်စစ်နဲ့မတွေ့မချင်းသူဟာ အဲ့ဒီမှန်ကြီးထဲမှာအခုချိန်ထိစောင့်နေသေးတယ်ဆိုတာ...
Halo!နည်းနည်းလေးfantasyဆန်ပါတယ်ဗျ။ဖတ်ပေးတဲ့လူတေအကုန်ကျေးဇူးပါ
#Grey
YOU ARE READING
My boyfriend's Reflection | Yoonmin ✔
Fanfiction''မှန်ထဲမှာကျွန်တော်မဟုတ်တဲ့လူတစ်ယောက်ရှိတယ်!!!''~Jimin Busanကကျောင်းသားသစ်လေးJiminကျောင်းအသစ်ကိုရောက်တဲ့အခါသူတစ်ယောက်တည်းသာတွေ့ရတဲ့မှန်ကြီးတစ်ချပ်ထဲကလူအကြောင်းကိုသူပြောပြောနေတယ်..သူပဲကယောင်ကတမ်းဖြစ်နေတာလား..တကယ်...