6.

4.5K 682 33
                                    

Jimin

ကျွန်​​တော်​တံခါးဖွင့်​လိုက်​​တော့​တွေ့လိုက်​ရတာက..
အရမ်း​ချောတဲ့လူတစ်​​ယောက်​..မျက်​လုံး​လေးမှိတ်​ရင်းpianoတီး​နေတယ်​..

အ​ဝေးကကြည့်​ရင်းနဲ့​တောင်​သူအရမ်း​ချောတယ်​ဆိုတာသိသာတယ်​..နှင်းလိုဖြူစွတ်​​နေတဲ့အသားအ​ရေနဲ့ထင်း​နေတဲ့လက်​ကအ​ကြော​တွေ..လက်​​ချောင်း​လေး​တွေကလည်းသွယ်​သွယ်​​လေး​တွေ..ရုပ်​တည်​နဲ့​နေတာ​တောင်​​တော်​​တော်​​လေးမိုက်​တယ်​ဗျ..မျက်​လုံးမှိတ်​ပြီးကိုသူ့ရဲ့တီးလုံးကိုစိတ်​ပါလက်​ပါတီး​နေတာ..ကျွန်​​တော်​ဘာမှဆက်​မလုပ်​နိုင်​​တော့ပဲသူ့ကိုပဲစိုက်​ကြည့်​​နေမိတယ်​..

ဒါ​ပေမဲ့တံခါးဝကကျွန်​​တော့်​ကိုသူမြင်​သွား​တော့ချက်​ချင်းဆိုသလိုအ​ရှေ့ကမှန်​ကြီးထဲ​ပြေးဝင်​​ပျောက်​ကွယ်​သွားတယ်​..

"ခဏ​လေး..''

ပါးစပ်​ကလည်းဘာ​တွေထွက်​လာပြီးသူ့ကိုသွား​ခေါ်မိ​နေတာပါလိမ့်​..​ကြောက်​​ကြောက်​လန့်​လန့်​နဲ့တံခါးကိုမြန်​မြန်​ပိတ်​ပြီးကျွန်​​တော်​အတန်းထဲပြန်​လာခဲ့တယ်​..အရင်​​နေ့​တွေတုန်းကလို​အေးစက်​တဲ့ခံစားချက်​ကြီး​တော့မရ​တော့ဘူး..ကျွန်​​တော်​ဒီ​နေ့ခံစားမိတာ​နွေး​ထွေးတဲ့အနုပညာ..Aish..ဘာ​တွေဖြစ်​​နေတာလဲ..​ခေါင်း​တွေလည်းရှုပ်​ကုန်​ပြီ..

ထိုစဉ်​ဆရာများနား​နေခန်းမှာ​တော့...

Taehyung

ထူးထူးဆန်းဆန်းဆရာအသစ်​က​တွေ့ချင်​တယ်​ဆို​တော့လည်းသွား​တွေ့ရတာ​ပေါ့..ပုံမှန်​အားဖြင့်​​တော့အဲ့လို​ခေါ်​လေ့မရှိပါဘူး..ဒီတစ်​ခါထူးဆန်းတယ်

Knock knock

"ဝင်​လာခဲ့..''

ဟို​ကျောင်းသားကတံခါးဖွင့်​​ပေးပြီး​ဘေးကိုထွက်​သွားတယ်​..တူတူလည်းလိုက်​မလာဘူး..ဘာလား​ပေါ့​နော်​..

အထဲ​ရောက်​​တော့မြင်​လိုက်​ရတဲ့မြင်​ကွင်း​ကြောင့်​​တော်​​တော်​တုန်​လှုပ်​သွားတယ်​..ဆရာအသစ်​ဆိုတာဟိုယုန်​ဘဝင်​မြင့်​​နေတဲ့ရုပ်​နဲ့လူ..သူကဆရာအသစ်​တဲ့လား..

My boyfriend's Reflection | Yoonmin ✔Où les histoires vivent. Découvrez maintenant