8.

4.4K 684 18
                                    

The next day

Jimin

ကျွန်​​တော်​ဒီ​နေ့ဆုံးဖြတ်​ချက်​ချလိုက်​ပြီ..အဲ့musicခန်းထဲကိုသွားပြီးအ​ဖြေရှာရမယ်​..ဟိုလူကဘယ်​သူလဲ..ပြီး​တော့ဘာလို့ကျွန်​​တော့်​​နောက်​လိုက်​​နေတာလဲဆိုတာကိုအ​ဖြေရှာရမယ်​..Fighting!Park Jimin!

"Taehyung ah..''

"...''

"Tae Tae..''

"...''

"Yrr!Kim Taehyung!''

"​အော်​အင်း​ပြောJiminie''

"မင်းနားဖာ​ချေးကပ်​​နေတာလားနားကန်း​နေတာလား..ဒီမှာ​အော်​​ခေါ်​နေတာလိပ်​​ခေါင်းထွက်​​တော့မယ်​..''

"မင်းကလည်းကွာ..​လူပုသ​လောက်​​တော်​​တော်​​ဒေါသကြီးတာပဲ..အာ့​ကြောင့်​အရပ်​ထွက်​မလာတာ​နေမှာ''

"Yrr!''

"ကဲပါ​ပြော​ပြော..ဘာ​ပြောချင်​တာလဲ''

"ငါဒီ​နေ့musicခန်းသွားမလို့..​ကျောင်းတက်​တဲ့အထိငါပြန်​မ​ရောက်​ရင်​အဲ့မှာလာရှာလို့''

"အင်း​ကောင်း​ကောင်းသွား''

ကိုယ့်​သူငယ်​ချင်းတစ်​​ယောက်​လုံးဒီကျိန်​စာသင့်​​နေတဲ့အခန်းထဲသွားမှာကို​ကောင်း​ကောင်းသွားလို့​ပြောပြီးသူကစိတ်​ကူးပြန်​ယဉ်​​နေတယ်​?သူငယ်​ချင်းအ​ကောင်းစား​လေး..အိမ်​​ပေါ်​ခေါ်ပြီးတင်​​ကျွေးထားဦးမှပဲ..

ကဲ..အခန်း​ရှေ့​တော့​ရောက်​ပြီ..ဒီ​နေ့လည်းpianoသံကြား​နေရပါလား..​ကြောက်​​နေလို့မဖြစ်​ဘူး..ဝင်​သွားမှကိုဖြစ်​မယ်​..

ကျွန်​​တော်​​ဖြေး​ဖြေးချင်းတံခါးကိုအသာ​လေးဖွင့်​ကြည့်​​တော့ဟို​နေ့ကလူပဲဗျ..ထိုင်​ပြီးpianoတီး​နေတာ..ကျွန်​​တော်​တိုးတိုး​လေးသူမသိ​အောင်​အခန်းထဲဝင်​လာလိုက်​တယ်​..ပြီး​တော့မှသူ့​နောက်​မှာရပ်​ပြီး​တော့..

"ဒီမှာ''

ကျွန်​​တော့်​အသံကြားပြီးသူအရမ်းလန့့်​သွားပုံရတယ်​..ချက်​ချင်းထပြီးထွက်​​ပြေးမလို့လုပ်​​တော့..

"Ani..မသွားနဲ့ဦး''

ကျွန်​​တော်​သူ့လက်​ကိုလှမ်းဆွဲထားလိုက်​တယ်​..သူကျွန်​​တော့်​ကို​နောက်​တစ်​ချက်​ပြန်​လှည့်​ကြည့်​တဲ့အချိန်​သူ့မျက်​လုံး​တွေက..သူ့မျက်​လုံး​တွေက​ဒေါသထွက်​​နေတဲ့ပုံ..ရုတ်​တရက်​သူ့မျက်​လုံး​တွေကိုကြည့်​​နေရင်းက​နေပဲကျွန်​​တော်​​ခေါင်းမူးလာပြီး​နောက်​ဆုံးကျွန်​​တော်​သိလိုက်​တာကကျွန်​​တော်​အ​မှောင်​ထုတစ်​ခုထဲကို​ရောက်​သွားတာကိုပါပဲ..

My boyfriend's Reflection | Yoonmin ✔Where stories live. Discover now