10.

4.5K 641 23
                                    

Jimin

ဒီ​နေ့​ကျောင်းကိုတမင်​တကာ​စော​စောသွားချင်​လို့Tae Taeနဲ့Hobi hyungကို​စော​စောလာ​ခေါ်ခိုင်းလို​က်​တယ်​..မ​နေ့ကကိစ္စကို​တော့သူတို့ကိုမ​ပြောရ​သေးဘူး..​နောက်​မှပဲ​အေး​ဆေး​ပြော​တော့မယ်​..

ကျောင်း​ရောက်​တာနဲ့ကျွန်​​တော်​လွယ်​အိတ်​ချပြီးဟိုအခန်းထဲကို​ပြေးပါ​လေ​ရော..Taehyungကို​တော့ဒီလိုပဲဖြီးဖြန်းပြီးထားခဲ့လိုက်​တယ်​..

အခန်းထဲ​ရောက်​​တော့တိတ်​ဆိတ်​​နေတယ်​..ကျွန်​​တော်​မှန်​​ရှေ့သွားရပ်​လိုက်​​တော့ကျွန်​​တော့်​ပုံမ​ပေါ်ဘူး..အင်း..ဝင်​လို့ရပြီထင်​တယ်​..

ကျွန်​​တော်​လည်းထုံးစံအတိုင်းဝင်​သွားလိုက်​တာဟိုလူကအထဲမှာအိပ်​​ပျော်​​နေတယ်​..
ကျွန်​​တော်​လည်းသူနိုးမှာစိုးလို့သူ့ကုတင်​​ဘေးနား​လေးမှာပဲရပ်​ကြည့်​​နေလိုက်​မိတာ..အနီးကပ်​ကြည့်​​တော့​တော်​​တော်​​လေး​ချောတာပါလား..အဲ့တာ​ကြောင့်​လည်းဟို​ကောင်​မ​လေးကြိုက်​တာ​နေမှာ​ပေါ့​လေ..သူများနိုးလာမလားလို့ငါးမိနစ်​​လောက်​​စောင့်​တာ..ကိုယ်​​တော်​ကနိုးမလာဘူး..​သေသွားပြီလား​တောင်​မှတ်​ရတယ်​..အဲ့လိုနဲ့ကျွန်​​တော်​နှိုးရ​တော့တာ​ပေါ့..

"Min Yoongi Hyung..ထပါဦး''

အမှန်​တကယ်​ဆိုရင်​​တော့သူ့အပြင်​အသက်​နဲ့ဆိုရင်​သူကအဖိုးကြီးအရွယ်​ဖြစ်​​နေပြီ..ဒါ​ပေမဲ့vampireလိုပဲသူကအသက်​ပဲကြီးသွားတယ်​လူကပုံမ​ပြောင်း​တော့ကျွန်​​တော့်​ထက်​နည်းနည်းပဲကြီးတဲ့ပုံ​ပေါက်​တယ်​​လေ..အဲ့​တော့hyung​ပေါ့..မဟုတ်​ဘူးလား..

ခက်​တာကဒီ​လောက်​နှိုး​နေတာ​တောင်​နိုးမလာဘူး..

"Hyung..ထပါဦး..ကျွန်​​တော်​Jiminပါ..မ​နေ့ကတစ်​​ယောက်​​လေ..''

အယ်​..ပြဿနာကဒီမှာစတာ..ကျွန်​​တော်​​ပြောလို့မှမဆုံး​သေး..သူကကုတင်​​ဘေးမှာရပ်​​နေတဲ့ကျွန်​​တော့်​လက်​ကိုဆွဲလိုက်​တာကျွန်​​တော့်​တစ်​ကိုယ်​လုံးကုတင်​​ပေါ်​မှောက်​ရပ်​သား​ရောက်​သွားပါ​လေ​ရော..

My boyfriend's Reflection | Yoonmin ✔Où les histoires vivent. Découvrez maintenant