Ep 3

1K 101 13
                                    

Unicode Version

Ep 3

Hunhan

"Lu ပြောလေ ဘာလို့ အခုချိန်ထိ ကိုယ့်ရဲ့ ဖုန်းနံပါတ်နဲ့ PW ထားနေသေးတာလဲ ဘာလို့ Lu ရဲ့ ဗီဒိုထဲမှာ ကိုယ်ရဲ့အဝတ်စားတွေ ရှိနေသေးတာလဲ "

ကျတော် မဖြေနိုင်ပါ~~~ကျတော်ကိုယ်တိုင်လဲ ရှာမရတဲ့ အဖြေတစ်ခု ဖြစ်နေလို့ပါပဲ .........

သေချာတာကတော့ Hun အတွက် လက်လွှတ်လိုက်ရတာ မှားလေချင်းဟု တသသ နောင်တရစေရန် ဘဝကို မြှင့်တင်ဖို့ အလုပ်ထဲမှာ နေ့ရော ညရော ခေါင်းနစ်နေတဲ့ အတွက် ရှင်းလင်းဖို့ အချိန်မရတာလဲ ဖြစ်နိုင်သည်ဒါမှမဟုတ် ကျတော်ကိုယ်တိုင်က အသားကျနေတာလား ???

"ပြောလေ Lu , ကိုယ့်ကို မမေ့သေးဘူးမဟုတ်လား "

"အဟက် ~ ငါက မင်းကို ဒီလို လွယ်လွယ် နဲ့ မေ့လို့ဖြစ်မလား "

ဝင်းပသွားကာ တလက်လက်တောက်ပနေသော မျက်လုံးများအဖြစ် အရောင်ပြောင်းသွားသော Hun က"

တကယ် ??? တကယ်ပြောတာလား Lu ရယ် "

" ငါ မင်းကို မေ့လိုက်ရင် မင်းလုပ်ရပ်တွေက ပေါ့ပေါ့ပါးပါးနဲ့ အဓိပ္ပါယ် မရှိသလို ပျောက်ပျက်သွားမှာပေါ့ ။ဒီလိုဆိုရင် ငါ့အတွက် ဘယ် တရားမလဲ ?? ဒီဟာတွေက ငါ့ဘဝကို လူမဆန်စွာ ရက်စက် ထိုးနှက် ခဲ့တဲ့ လူတစ်ယောက်ကို တစ်သက်လုံး မုန်းတီး နာကျဉ်းစေတဲ့ အထောက်ကူပြု ပစ္စည်းတွေဆိုလဲ မမှားဘူး "

ချက်ခြင်းပင် ညိုမဲပုတ်သိုးသွားသောHun ရဲ့မျက်နှာကို မြင်ရတာ ကျတော် တက္ကသိုလ်ဝင်တန်းမှာ အောင်မှတ်အပြည့်ရသလို ခံစားလိုက်ရသည် ....သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေက အလွယ်တကူ မေ့ဖျောက်လို့ ရတဲ့ သာမာန် သမီးရည်းစား အသဲကွဲစေခြင်းမှ မဟုတ်ခဲ့တာ။ ကျတော် ပြိုလဲဖို့ စဉ်းစားတိုင်း အရှံးပေးခြင်းကို လက်လျော့စေတဲ့ အရာတွေဖြစ်ခဲ့တာပဲ ။ကျတော့်ကို စွန့်ပစ်ခဲ့တဲ့ အတွက် နောင်တ ရစေရမည်ဟု ကြွေးကျော်ပြီး ပြန်လည် ထူမတ်ခဲ့ရတဲ့ အင်အားက နှလုံးသွေးစိမ်းရှင်ရှင် ကျပြီးမှ ပေါ်ထွက်လာခဲ့ရတာလေ ....

"ဟုတ်ပါတယ် နာကျဉ်းသင့်ပါတယ်လေ~ ကိုယ်လုပ်ခဲ့တာတွေအတွက် တကယ်ကို ယူကြုံးမရ ဖြစ်ခဲ့ရပါတယ် ..... အရမ်းလဲ နောင်တ ရမိတယ် 

အတိတ်တိုင်းပြည်မှသည် ရွှေရောင် အနာဂတ်ဆီသို့ (Zawgyi / Unicode version)Nơi câu chuyện tồn tại. Hãy khám phá bây giờ