Ep 1

2.4K 141 15
                                    

Unicode Version

အတိတ်တိုင်းပြည်မှသည် ရွှေရောင်အနာဂတ်ဆီသို့

Ep 1(Hunhan)


Ahr....Shit !!စောစောစီးစီး မမြင်ချင်တဲ့ မျက်နှာကြောင့် luhan မုန်းတီးစွာ ရေရွတ်မိလိုက်သည် ။ ဒင်းမျက်နှာ ကို မနက်စောစော မြင်လိုက်ခြင်းအားဖြင့် တနေ့တာစတင်မှု ကမောက်ကမ ဖြစ်သွားရသလို ကြည်လင်နေတဲ့ စိတ်အာရုံဟာလဲ အင်မတန် နောက်ကျိလို့ သွားရသည် ။အင်မတန် ကျက်သရေကင်းမဲ့သော မနက်ခင်းတစ်ခု အဖြစ် ပုံဖော်သွားသောသူ

......Oh Sehun ,

ဟုတ်ပါတယ် ခိုင်မာတဲ့ အကြောင်းပြချက် ရေရေရာရာ မရှိပဲ ကျတော့်ကို သစ်စိမ်းချိုး ချိုးကာ သစ္စာဖောက်သွားသော ကမ္ဘာပေါ်မှာ ကျတော် အမုန်းဆုံးလူသားပါ ။တစ်ရပ်ကွက် တစ်မြို့နယ်ထဲ နေနေသောကြောင့် တစ်ချိန်ချိန်မှာ မျက်နှာခြင်းဆိုင် တွေ့မည်ဆိုတာကို ခန့်မှန်းမိနေသော်လည်း အခုလိုတွေ့လိုက်သောအခါတွင်တော့ တည်ငြိမ်ခဲ့ပြီထင်နေသော မိမိစိတ်တွေက ဆိုင်ကလုန်းသဖွယ် ယောက်ယက်ခပ် မုန်တိုင်းထန်သွားရသည်ကို မုန်းသည် ။ 

လူအားလုံးအားကျသော စံပြ စုံတွဲအနေဖြင့် လူသိရှင်ကြား ကလေးသိ ခွေးသိ တွဲခဲ့ ချစ်ခဲ့သမျှ နောက်ဆုံး ရလိုက်တာက အရှက်ဗျန်းဗျန်းကွဲကာ လူတကာ မေးငေါ့သော ဘဝကို ရောက်ခဲ့ရသည်မှာ ၃နှစ်ပင် ပြည့်ချေတော့မည် ။အခုချိန်ထိ ညဘက်ဆို အိပ်မပျော် အစားသောက်ပျက် ကြောင်တောင်တောင် ဖြစ်ကာ စိတ်ရောဂါ ဆရာဝန်ဆီမှာ တိတ်တဆိတ် ကုသမှုပင် ခံယူနေရသော မိမိကတော့ အပူရုပ် ဟန်လုပ်ကာ နေနေရသော်လည်း တွေ့လိုက်ရတဲ့ သူကတော့ အရင်အတိုင်း သန့်ပြန့်မှူနှင့် ရှင်းသန့်လို့ နေပါသည် 

အေးလေ ...သူ့ မိန်းမ က ဆင်မှာပေါ့ ။ သူ ဘယ်က ပိုက်ဆံနဲ့ ဒီလို လှတ ပတ တွေ ဝတ်နိုင်မှာလဲ .......

နာကျဉ်းမှုကို အထင်သေးမှု ပက်ဖျန်းကာ တဘက်သတ် တွေးပစ်လိုက်သည် ။ ရှောင်လု ဒီ ခွေးလောက်မှ အဆင့်မရှိတဲ့ ကောင် အကြောင်း မစဉ်းစားစမ်းနဲ့ ။ မင်း လှည့်ကြည့်ဖို့တောင် မတန်တဲ့သူ ။မင်းဘဝ လှပဖို့သာ ကြိုးစားစမ်း ~

အတိတ်တိုင်းပြည်မှသည် ရွှေရောင် အနာဂတ်ဆီသို့ (Zawgyi / Unicode version)Tempat cerita menjadi hidup. Temukan sekarang