Ep 7

964 96 27
                                    

Unicode Version 

ဒေါက် ...ဒေါက်....ဒေါက် 

 ၉နာရီအထိ အခန်းထဲက ထွက်မလာသော ရှောင်လုအား ဆဲဟွန်းတံခါးခေါက်နေသည်မှာ အကြိမ် ၁၀၀ မကတော့ပေ ။သော့ရှိထားတယ် ဆိုပေမယ့် Lu ကြိုက်မည် မထင်သောကြောင့် မဝင်ချင်နေ့ခင်းက Lu နဲ့ စကားများပြီးနောက် ဖြစ်ကြောင်းကုန်စင်ကိုအသေချာပြန်စဉ်းစားဖြစ်သည် ။

 Lu ပြောသလို ကျတော်က တစ်ကိုယ်ကောင်းဆန်လွန်းစွာ ကိုယ့် တစ်ယောက်ထဲ ကြည့်တတ်တဲ့ သူဖြစ်ခဲ့တာလား ?? 

ကျတော်ရဲ့ တဒင်ဂ မိုက်မဲမှုကြောင့် ကျတော်တို့ နှစ်ယောက် ရှင်ကွဲ ကွဲခဲ့ရပြီးပြီ ။ ဒီအတွက် ကျတော့မှာ တာဝန်တွေ အများကြီးရှိတယ် ကျတော်မှားခဲ့တယ် ဆိုပေမယ့် Lu ရဲ့ လုပ်ဆောင်ပြုမူချက်တွေကြောင့် ဖြစ်တယ်လို့ပဲ စွတ်ဆွဲချင်မိတယ် ။ဘဝရှေ့ရေးအတွက်ဆိုပြီး နေ့ရော ညရော အလုပ်ထဲမှာပဲ နှစ်မြုပ်ထားသလို တနေ့တနေ့ ထမင်းတစ်နှပ် လက်စုံစားဖို့တောင် ခဲယဉ်းသော အနေထားကို ကျတော် မခံစားနိုင်ခဲ့တာတော့ အမှန်ပင် ဖြစ်သည် ။ Lu က ကျတော့ထက် အလုပ်တွေကိုပိုချစ်သလို ကျတော့ထက် လုပ်ဖော်ကိုင်ဖက်တွေကို ပိုဦးစားပေးခဲ့တာတွေက အချိန်ကြာလာတဲ့ အမျှ ရင်ထဲမှာ အစိုင်ခဲတစ်ခုလို ကြီးထွားများပြားလာသည် ။ ဖောက်ပြန်တာမမြည်ပေမယ့် ချစ်သူရဲ့ လစ်လျူရှုမှုတွေကို ခံရသောယောက်ကျားတစ်ယောက်အနေနဲ့ သာယာမှုကို အနည်းငယ် မြည်းစမ်းကြည့်ချင်ကြတာ သဘာဝပါပဲ ။

ဒါပေမယ့် ဘယ်သူက သိနိုင်မှာလဲ ...

ကျတော် ထိတွေ့ခဲ့တဲ့ သာယာမှုဆိုတာကြီးက ထောင်ခြောက်နွံကြီး ဖြစ်နေခဲ့တာလေ ။ တကယ်လဲယူကြုံးမရခဲ့ပါသလို နောင်တတွေလဲ တသီကြီးရခဲ့ပါတယ် ။ နည်းမျိုးစုံသုံးပြီး ရုံးထွက်ခဲ့ပေမယ့် မစင်တွင်းထဲ ကြဖူးတဲ့ သူတစ်ယောက်လို ကိုယ့်ကိုကိုယ်တောင် မသတီတဲ့ ဆိုက်ကို ရှိနေမှတော့ Lu လဲ ကျတော့ကို မလိုချင်တော့တာ မပြစ်မတင်ချင်ပါဘူး ။ ဒါပေမယ့် ကျတော့်ဘဝက Lu မရှိလို့မှ မဖြစ်တာ ။ 

မဖြစ်နိုင်တာတွေ လူမဆန်တာတွေ နောက်ထား ....ကျတော်နဲ့ Lu အရင်လို ပျော်ရွှင်တဲ့ ဘဝလေး ပြန်ရရှိဖို့ ကျတော် အစွမ်းကုန် ကြိုးစားပါရစေညနေ ၇နာရီကတည်းက ခေါက်နေတဲ့ တံခါးကို တုံ့ပြန်မှုမရှိတာ ၂နာရီကျော်နေပြီ ဆိုတော့ ဆဲဟွန်းအရမ်းစိတ်ပူလာ၏ ။ နောက်ဆုံးတော့ မတတ်နိုင်တဲ့ အဆုံး အခန်းတံခါးသော့ကို ယူကာ ဆွဲဖွင့်လိုက်တော့ မြင်ရတဲ့ မြင်ကွင်းက ရင်ထဲမှာ စို့နင့်လို့ သွားရသည် ။ကုတင်ထောင့်စွန်း နံရံကိုကပ်ကာ ငုတ်တုတ်ကလေးနဲ့ တွေတွေလေးငေးကာ မျက်ရည်တွင်တွင် စီးကျနေသော Lu ရဲ့ ပုံစံလေးက စကားနဲ့ အများကြီး အနိုင်ပိုင်းတာထက် ပိုပြီး ဆဲဟွန်း ရင်ကိုကွဲစေသည် ။

အတိတ်တိုင်းပြည်မှသည် ရွှေရောင် အနာဂတ်ဆီသို့ (Zawgyi / Unicode version)Onde histórias criam vida. Descubra agora