Unicode Version
Ep 8
Hunhan
"ဒီကိစ္စကို ခင်ဗျားသိစရာမလိုပါဘူး "
"မသိလို့ရမလား ငါကုမယ့် လူနာကို ဘာဖြစ်ခဲ့တာလဲ အတိကျ သိမှ ကုပေးလို့ရမှာပေါ့ "
"ဟာ ခင်ဗျား ဘယ်လို ဆရာဝန်လဲ Suho Hyung ကလဲ သူ့ အစား ဆရာဝန်လွှတ်ပေးလိုက်တယ်ဆိုတာက စုံထောက်နဲ့ များ မှားလွှတ်လိုက်လေသလား "
အိမ်မက်ထဲမှာလို လက်တွေ့မှာလို တိုးတီးတိုးတီး အသံများ နားထဲကို စီခနဲ့ ဝင်လာသောကြောင့် သေချာတာ တစ်ခုက ဆဲဟွန်းဆီကနေ ထွက်ပြေးတာ မလွတ်ခဲ့ဘူးဆိုတာတော့ သိလိုက်ရပြီ ။ အရင်ကတည်းကလည်း လွတ်လိမ့်မယ်လို့ မျှော်လင့်ပြီး ထွက်ပြေးတာ မဟုတ်ပေမယ့် ဆဲဟွန်းဘေးမှာ နေထိုင်ချင်စိတ် တစ်စက္ကန့်လေးမှ မရှိကြောင်းကို ဆဲဟွန်းသိအောင် ဖော်ပြခြင်းပဲ ဖြစ်တာကြောင့် ကျေနပ်မိသည် ။ဒဏ်ရာတွေ ရသွားတာကတော့ အပိုဆုပေါ့ ။ ကျတော် နာကျင်နေတာကို မြင်ရလို့ ဆဲဟွန်းရင်တွေနာနေရင် ကျတော် အောင်မြင်တယ် ။လှုပ်ရှားဖို့ ကြိုးစားမိလို့ ခြေကျင်းဝတ်ဆီမှ နာကျင်ခြင်း ခေါင်းတွေ ထိုးကိုက်နေခြင်းကို မခံရပ်နိုင်စွာ Luhan ညည်းလိုက်မိသည် ။
အ~~အား~~အား
ရှောင်လု သတိရပြီလား ??
~~အသံနဲ့ အတူ ပြေးလာသော ခြေသံများ အုံခဲနေသော ခေါင်းကြောင့် မျက်စိက လုံးဝ မဖွင့်နိုင်
"Oh Sehun Shi ဘေးနည်းနည်း ဖယ်ပေးပါလား ။ကျတော် လူနာကို စမ်းသပ်ပါရစေဦး "
အေးတိအေးစက် ပြတ်သားသောလေသံနှင့်ပြောနေသော ဆရာဝန်ဟု ယူဆရသော သူများ မမြင်ရသေးပေမယ့် ကျေးဇူးတင်မိသည် ။ ပထမဆုံး မျက်စိဖွင့်ဖွင့်ခြင်းမှာ မမြင်ချင်ဆုံးလူသားမှာ ဆဲဟွန်းဖြစ်သောကြောင့် အနားမှာ မရှိလေကောင်းလေပါပဲ
"Xiao Lu , Xiao Lu ~~ သတိရပြီလား "
အသံက အေးစက်နေသလောက် လည်ပင်းကို လာစမ်းသော လက်တို့က နွေးထွေးနေသည် ။
"Xiao Lu လို့ မခေါ်ပါနဲ့ သူ့နံမည်က Luhan , ကျုပ်ခေါ်သလို လိုက်မခေါ်ပါနဲ့ "

YOU ARE READING
အတိတ်တိုင်းပြည်မှသည် ရွှေရောင် အနာဂတ်ဆီသို့ (Zawgyi / Unicode version)
FanfictionLuhan - အကြောင်းပြချက်မဲ့စွာ ဘဝထဲကနေ ပျောက်ကွယ်သွားတဲ့ မင်းကို စိတ်နာလွန်းလို့ နောင်ဘဝထိ ငါ့ဘဝထဲ ပေါ်မလာပါနဲ့တော့ Sehun - ကိုယ့်အပြစ်တွေ မကျေသ၍ နောင်ဘဝထိ ခွင့်လွှတ်ခြင်းတွေ တောင်းခံနေပါမယ့်