Ep 10

1K 104 15
                                    

Unicode Version 

Ep 10 

Hunhan 

"ကိုယ်လက်ညောင်းနေပြီ Hanလေး"

ဝမ်တစ်ထောင်တန်လေးကို ကိုင်ရင်း ကြောင်ကြည့်နေသော လုဟန်ကို ပြုံး၍ပြောနေသော Kris

"ဗျာ ~ဟုတ်ကဲ့ "

 အပြုံးတစ်ခုမှာ စီးမြောနေမိသည်ကို ရှက်သွားမိပြီး Kris ပေးတဲ့ တစ်ထောင်တန်ကို ဖြတ်ခနဲ့ ဆွဲယူရင်း စက်ထဲ ထိုးထည့်လိုက်သည် ။ စိတ်တွေလှုပ်ရှားနေတော့ စက်ထဲ ထည့်နေတဲ့ ပိုက်ဆံက သေချာမဝင်ပဲ ပြန်ပြန်ထွက်လာတော့ Kris က ထိုပိုက်ဆံကို ပြန်ဆွဲယူကာ စက်ထဲ ထည့်လိုက်သည် ။ Camp coffee ထဲက လုဟန် သောက်နေကြ Americano အားရွေးနှိပ်လိုက်ကာ ထွက်ကျလာသော ဘူးကို ကောက်ပြီး လက်ထဲ ထည့်ပေးသွားသည့် အထိ လုဟန်မှာ မလှုပ်မယှက်နဲ့ပင် ဖြစ်လေသည် ။ဘာကြောင့်မှန်း မသိပေမယ့် Kris နှင့်တွေ့ရင် စိတ်ချရတဲ့ ခံစားချက်မျိုးပေါ့ ~မထင်မှတ်ထားတဲ့ အချိန်မှာ မထင်မှတ်ထားတဲ့ သူမျိုးကို အမှတ်မထင်တွေ့လိုက်ရလို့ အံ့သြသွားတာလဲ ပါသည် ။ ကျတော် စိတ်ဒုက္ခအရောက်ဆုံး အချိန်မှာ တစ်ခဏ ရင်က အပူမီးကို လျော့ချပေးခဲ့သူမဟုတ်လားမသိဘူး Kris ကို ခင်မင်မိသည် ။ Kris အနေနဲ့ကတော့ ထူးပြီး ဂရုစိုက်ခဲ့တာ မဟုတ်ပေ ။ ဆရာဝန် လူနာ ဆက်ဆံရေးပဲ ဆိုပေသိ ကျတော်ကို နားလည်သည် ဆိုသော စကားတစ်ခွန်းမှာ အချိန်ခဏလေးပေမယ့် ကျတော် သူ့ကို ယုံကြည်ခဲ့သည် ။ သို့ပေမယ့်လဲ လူဆိုတာ ကိုယ့်ဘဝကို ရုန်းကန်နေရင်းဆိုတော့ မိမိဘဝမှာ ထဲထဲဝင်ဝင်မှ မပတ်သတ်ဘူးဆိုလျှင်မေ့သွားတာ အမှန်ဖြစ်သည့်အလျောက် ကျတော် Kris တခဏ အားကိုးစိတ် ဖြစ်ခဲ့ မိသော Kris အား မေ့နေတာ အမှန်ပင် ။

"လက်ခိုက်မိသွားတာ Han တို့ စက်ရုံကလား ?"

"ဟုတ်ပါတယ် Dr Kris ,ဒါနဲ့ ဒေါက်တာက ဘယ်လိုလုပ်ပြီး~~"

"ဪ ကိုယ် ဆိုးလ်ကို ပြောင်းလာတာလေ Han "

"ဟုတ်လား ကျတော်လဲ ဒီအတောတွင်း ကိစ္စတွေ အရမ်းများခဲ့တော့ ဒေါက်တာကိုတောင် သေချာနှုတ်ဆက် စကားမပြောခဲ့ရဘူး "

"ရပါတယ် ကိုယ် Han ကို အပြည့်ဝ နားလည်ပေးနိုင်ပါတယ် "

ပြောပြန်ပြီ နားလည်ပေးနိုင်တယ် ဆိုတဲ့ စကား ~အကြွင်းမဲ့ မယုံကြည်ပေမယ့် ကျတော် ကျေနပ်သည် ။ ကျတော်တောင် နားမလည်တဲ့ ကျတော့် လုပ်ရပ်တစ်ချို့ကို သူနားလည်တာ ဆိုတော့ နည်းတဲ့ ပါဝါမဟုတ်ဘူးလေ ။ထိုနေ့က Kris ရဲ့ အကူညီနဲ့ ဆေးရုံက ကိစ္စဝိစ္စတွေကို အကုန် အဆင်ပြေပြေ ပြီးခဲ့သည် ။ တွေ့တာ မကြာပေမယ့် လတ်တလော ကျတော် ခံစားနေရတာတွေကို Kris အား ရင်ဖွင့်နေချင်သောကြောင့် ကျေးဇူးတင်တဲ့ အထိမ်းမှတ်ကို အကြောင်းပြပြီး ညစာအတူစားလို့ ကမ်းလှမ်းရာ အလွယ်တကူပင် သဘောတူညီသောကြောင့် ရုံးကားကို ပြန်လွှတ်ကာ Kris ကားနဲ့ ပင် ပြန်လာခဲ့သည် ။ စားသောက်ဆိုင် သွားရာ လမ်းတွင် Kris က တရုတ်ပြည်မှ ကျန်းမာရေး ပရောဂျက်လုပ်အားပေး ဆရာဝန်များကို လက်ဆောင်ပေးရန် ရိုးရာပစ္စည်းလေးတွေ ဝယ်ချင်တယ် ပြောသောကြောင့် အင်ဆာ့ဒုံဘက်ကို မောင်းလာခဲ့လိုက်သည် ။ရာသီဥတုကလဲ နွေရာသီဆိုပေမယ့် မိုးလေးက ဖျောက်တောက်ဖျောက်တောက် ရွာတတ်လေတော့ ကိုရီးယား ရာသီဥတု ထုံးစံအတိုင်း ချမ်းစိမ့်စိမ့်က ဖြစ်နေသေးသည် ။ အင်းဆာဒုံ လမ်းကတော့ ထုံးစံအတိုင်း လူတွေစည်ကားလျှက်ပေါ့ ။ ဒီလိုမြင်ကွင်းတွေနဲ့ နှစ်ပေါင်းများစွာ ကင်းကွာနေတဲ့ ကျတော့အဖို့ မြင်သမျှက တဖန် ပြန်လည် ဆန်းသစ်လို့ နေပါသည် ။ရာသီဥတုကလဲ နွေရာသီဆိုပေမယ့် မိုးလေးက ဖျောက်တောက်ဖျောက်တောက် ရွာတတ်လေတော့ ကိုရီးယား ရာသီဥတု ထုံးစံအတိုင်း ချမ်းစိမ့်စိမ့်က ဖြစ်နေသေးသည် ။ အင်းဆာဒုံ လမ်းကတော့ ထုံးစံအတိုင်း လူတွေစည်ကားလျှက်ပေါ့ ။ ဒီလိုမြင်ကွင်းတွေနဲ့ နှစ်ပေါင်းများစွာ ကင်းကွာနေတဲ့ က... 

အတိတ်တိုင်းပြည်မှသည် ရွှေရောင် အနာဂတ်ဆီသို့ (Zawgyi / Unicode version)Where stories live. Discover now