Unicode Version
Ep 12
Hunhan
ရုံးမတက်နိုင်တာ ဒီနေ့နဲ့ဆိုရင် သုံးရက်မြောက်နေ့ဖြစ်သည် ။ဆဲဟွန်းနဲ့ ပြသနာဖြစ်ပြီးကတည်းက လူက မလှုပ်နိုင်တော့သလို ဘာမှ လုပ်ချင်ကိုင်ချင်စိတ်လဲ မရှိတော့ပေ ။ လူကြီးတစ်ယောက်ဖြစ်ပေမယ့် ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အဆက်သွယ်မရှိ ဘာမရှိ တာဝန်မဲ့ လုပ်ရပ်မျိုးဖြင့် ရုံးပျက်ခဲ့ရသည် ။ ဆဲဟွန်းကလဲ အပြင်မသွားပဲ တစ်ချိန်လုံး ကျတော့ဘေးမှာ လိုလေသေးမရှိ အရိပ်တကြည့်ကြည့်နဲ့ ပြုစုပေးနေလေသည် ။ အနာပေးလိုက် ဆေးပေးလိုက် အထာကို အကျွမ်းကျင်ဆုံး ကပြနေတဲ့ Hun ကြောင့် ကျတော့ စိတ်တွေ ကစဉ်းကလျှားနဲ့ ဘာကို ဖမ်းဆုပ်လို့ ကိုင်ရမှန်းမသိတဲ့ အနေထားမျိုးကို ရောက်နေသလိုပါပဲ
"Lu သက်သာလား ဘာစားချင်လဲ ကိုယ်လုပ်ပေးမယ် "
Hun က ခွေခေါက်လှဲနေသော ကျတော့ရဲ့ အနားကို လာထိုင်ကာ နှဖူးကိုစမ်းရင်းနဲ့ ကြင်နာစွာဆိုပြန်တော့ ကျတော် အရည်ပျော်ရပြန်ဦးမယ် ။သို့သော်လဲ စိတ်ကို မာန်တင်းကာ ခေါင်းခါရင်း သူနဲ့ ဆန့်ကျင်ရာဘက်သို့ လှည့်ကာ စောင်းအိပ်လိုက်သည် ။ Hun က နောက်ကျောဘက်ကနေ ကျတော့ရဲ့ နှဖူးမှာကျနေသော ဆံပင်တွေကို ညင်သာစွာ သပ်တင်ပေးရင်း ~
"ဆံပင်တွေလည်းရှည်နေပြီပဲ Lu စိတ်ပြေလက်ပျောက်ဖြစ်အောင် ဆံပင်လေးဘာလေး သွားညှပ်မလား "
ဆိုလာတော့ စိတ်ကလဲ ညစ်ညူးနေတာနဲ့ ခေါင်းညိမ့်လိုက်မိသည် ။
"ဟုတ်ပြီ အဲ့ဒါဆို အပြင်မှာပဲ တစ်ခုခု စားလိုက်ရအောင်နော် ~ ကဲ ထ ကိုယ် အင်္ကျီလဲပေးမယ် "
ပျော့တိပျော့ဖက် ခွေခေါက်ကာ လှဲနေသော ကျတော့ကို ပွေ့ရင်း ဆွဲထူနေသော ဆဲဟွန်းလက်တွေထဲက ရုံးထွက်ရင်း
"ငါ့ဘာသာလုပ်မယ် ဖယ် "
"ဟုတ်ပြီ ဟုတ်ပြီ ကိုယ် အကျီတော့ ယူပေးမယ် ဟုတ်လား"
Hun က ပြောပြောဆိုဆိုနဲ့ပဲ ဗီဒိုထဲက အကျီတွေ ထုတ်ပြီး လာပေးသည် ။ဘာမှ ဆက်ပြောချင်စိတ်မရှိတာကြောင့် သူထုတ်ပေးတဲ့ အကျီကို ဆွဲယူပြီးသာ ဝတ်လိုက်သည် ။ စိတ်ညစ်ညူးနေလို့ အပြင်သွားဖို့ ပြင်လိုက်တာဖြစ်ပေမယ့် ကိုယ်ခန္တာတစ်ခုလုံးက လှုပ်မိတာနဲ့ ညောင်းညာ ကိုက်ခဲလို့ နေပါသေးသည် ။Saloon ဆိုင်သွားတဲ့ တစ်လျှောက်လုံး ဘာစကားမှ မဆိုမိခဲ့ချေ ။ ကားမောင်းနေရင်း ကိုယ့်ဘက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ ဖြစ်နေသော Hun ကို မျက်စိထောင့်ကနေ မြင်နေရပေမယ့် ကျတော် ပျော်မနေနိုင်ခဲ့ချေ ။ Hun က ကျတော့ကို မျက်စိအောက်က အပျောက်မခံနိုင်တော့လောက်အောင် ရှိနေပေမယ် ဒီအပြူမူတွေက တစ်ဆိပ်လောက် Expire ကုန်ဆုန်းနေသလိုခံစားရသည် ။လိုအပ်ချိန်ကို ကျော်လွန်ပြီး ရောက်လာတဲ့ ပစ္စည်းများဟာ မသုံးမဝင်တတ်တာ သဘာဝပါ ။ လိုတဲ့ အချိန်သုံးရအောင် သိမ်းထားဖို့ကြတော့လဲ အချစ်ဟာ ပုတ်သိုးတတ်သည် ။
YOU ARE READING
အတိတ်တိုင်းပြည်မှသည် ရွှေရောင် အနာဂတ်ဆီသို့ (Zawgyi / Unicode version)
FanfictionLuhan - အကြောင်းပြချက်မဲ့စွာ ဘဝထဲကနေ ပျောက်ကွယ်သွားတဲ့ မင်းကို စိတ်နာလွန်းလို့ နောင်ဘဝထိ ငါ့ဘဝထဲ ပေါ်မလာပါနဲ့တော့ Sehun - ကိုယ့်အပြစ်တွေ မကျေသ၍ နောင်ဘဝထိ ခွင့်လွှတ်ခြင်းတွေ တောင်းခံနေပါမယ့်