Ep 4

934 90 6
                                    

" မင်းက ငါနဲ့ လမ်းခွဲပြီးပြီးခြင်း Xiumin နဲ့ တခါတည်းကို တန်း တွဲလိုက်တာပါလား ~~ "

"စောက်ရူး !! "

ကျတော် Hun မျက်စိကို တည့်တည့်ကြည့်ကာ ရေရွတ်လိုက်သည် ။

"ဟုတ်တယ်...ငါက စောက်ရူးတစ်ယောက်ပဲ ။ စောက်ရူးတစ်ယောက်မို့ ငါကိုယ်တိုင် အသဲကြွေမတတ်ချစ်ရတဲ့ မင်းကို သစ္စာဖောက်တယ် ။ ငါ စောက်ရူးမို့လို့ စောက်ရှက်မရှိစွာနဲ့ မျက်နှာပြောင်တိုက်ပြီး မင်းအနားကို ပြန်လာတယ်ကွာ...ဘာဖြစ်လဲ ??"

ကျတော့ ပုခုံး နှစ်ဘက်ကို ကြမ်းတမ်းစွာ လှုပ်ခတ်ရင်း မျက်ထောင့်နီကြီးဖြင့် အရူးလိုအော်ပြောနေသော Hun ~

"အေး...ငါကတော့ စောက်ရူးမဟုတ်တော့ မင်းကို လက်ခံဖို့က ခဲယဉ်းသား " 

ကျတော် ပြောလိုက်တာကတော့ တိုတိုလေးနဲ့ အေးအေးဆေးဆေးလေးပါ ။သို့ပေမယ့် ချက်ကောင်းကို ထိသွားတယ် လို့ ယူဆရသည် ။ ကျတော့ ပုခုံးပေါ်က Hun လက်တွေ အောက်သို့ ပြေကျကာ ငြိမ်သက်သွားပါသည် ။

"ကိုယ်တောင်းပန်ပါတယ် ။ ခုချိန်မှာ ကိုယ်ဘက်က ဒါပဲ ပြောနိုင်လို့ပါ " ~ 

ခုနက အော်ဟစ်နေတာ သူမဟုတ်သည့်အလား ပြောင်းလဲ သွားကာ ခေါင်းငိုက်စိုက်ရင်း ထွက်သွားလေသော Hun ~

ဒေါသထွက်ရင် ရှေ့နောက် မခွဲခြားတတ်ခြင်း ၊ ရွဲ့တတ်ခြင်း မိမိအမှားကို လွယ်လွယ်နဲ့ ဝန်မခံတတ်ခြင်း တောင်းပန်ခြင်းနှင့် မရင်းနှီးမှုတို့ကြောင့် အမြဲတစေ လုပ်သမျှ ကမောက်ကမ ဖြစ်စေသော အကျင့်တို့ဖြင့် ပြည့်နှက်နေသော Oh Sehun မှ ဟုတ်ပါလေစဟု တွေးမိလေသည် ။ သူပြောင်းလဲသွားလေသလား ~သို့သော် ဒါကလဲ ကျတော့ အလုပ်တော့ မဟုတ်ချေ ။

Xiumin ကို ညစာချက်ရင်း စောင့်နေလိုက်သည် ။ ရေခဲသေတ္တာထဲကို ကြက်ဥ ယူရန်ဖွင့်လိုက်တော့ ဘာကြောင့်ရယ် မသိ ခုချိန်ထိ လွှင့်မပစ်ရသေးသော Bubble Tea အခွံလေးက လှောင်ပြောင်လို့နေပါသည် ။

တောက်!!! 

လူဟန် စိတ်တိုတိုနဲ့ Bubble Tea အခွံကို ဆွဲယူကာ အမှိုက်ပုံးပဲ ပစ်ချလိုက်သည် ။

အတိတ်တိုင်းပြည်မှသည် ရွှေရောင် အနာဂတ်ဆီသို့ (Zawgyi / Unicode version)Donde viven las historias. Descúbrelo ahora