Ep 2

1.2K 103 18
                                    

Unicode

Luhan မိမိရဲ့ ရုံးခန်းထဲရောက်တာနဲ့ ပါလာတဲ့ ပစ္စည်းတွေကို ပစ်ချပြီး ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်သည် ..

ဟူး....Ohsehun မင်းကဘာလဲ !

မုန်းလိုက်တာ အခုချိန်ထိ မတည်ငြိမ်နိုင်သေးသော စိတ်ကို ဘယ်လို ထိန်းချုပ်ရမှန်းလဲ မသိတော့ဘူး ။

တီ...တီ...တီ ( intercon ကနေ အတွင်းရေးမှူးမလေးက ဖုန်းခေါ်လာသည် )

"ဆရာ ~ ဘေဂျင်းက planning manager ရောက်လာပါပြီရှင့် "

" ဟုတ်ပြီ လောလောဆယ် အခန်းထဲ လွှတ်လိုက် နောက် ၁၅မိနစ်နေရင် သက်ဆိုင်ရာ Department Manager တွေခေါ်ပြီး မီတင်ခန်းမှာ မိတ်ဆက်ကြမယ် "

လောလောဆယ်တော့ ဒီအကျင့်မကောင်းတဲ့ ကောင်အကြောင်း ခေါင်းထဲက ထုတ်ပြီး အလုပ်လုပ်ရပေဦးမယ် ။ ရုံးချုပ်က တိုက်ရိုက်လွှတ်လိုက်တဲ့ အတွက် နံမည်က လွဲက ဖြူသလား မဲသလား မသိရသေး ။ ဖိုင်လှန်ကြည့်တော့ နံမည်က Oh Shi Xun , အရေးထဲ မျိုးရိုးက လာတူနေသေးတယ် ။

ဒေါက်~ဒေါက်~

တံခါးခေါက်သံနဲ့ အတူ ဝင်လာသော သူကို မြင်တဲ့ အခိုက်မှာတော့ ~ ရှောင်လု တစ်ယောက် လက်ထဲက ဖိုင်ပင် လွတ်ကျသွားပါတော့သည် ။

Oh Sehun !!!"မင်္ဂလာပါ မတွေ့ရတာ ကြာပြီနော် ရှောင်လု"

ခွေးမသား အိုဆဲဟွန်း မခန့်ပေါက်က ကိုယ့် အထက်လူကြီးကိုတောင် ဒင်းခေါ်နေကြ နံမည်နဲ့ လာနှုတ်ဆက်နေတယ် ။ ဒီချိန်မှာ စူပုတ် မဲသည်းနေတဲ့ ကျတော့မျက်နှာကို တွေးမကြည့်လဲ အော်တို မြင်ယောင်နေမိပါတယ် ။ နံမည်ကြားရုံနဲ့ ယောက်ယက်ခက်နေတဲ့ ဘဝမှာ အကောင်လိုက်ကြီး မျက်နှာခြင်းဆိုင်ပေါ်လာတော့ ဒီလူက သေပေးရတော့ မလို ဖြစ်နေပြီ။စိတ်ထိန်းစမ်း ရှောင်လု ။ ဒီ သစ္စာဖောက် တန်ဖိုးမဲ့ ကောင်ကြောင့် မင်းကျဆုံးလို့ မဖြစ်ဘူး ။ ကိုယ့်ဘာသာ အားကိုးရင်းနဲ့ မာန်တင်းကာ ...

"ဟုတ်ကဲ့ မတွေ့ရတာ ကြာပါပြီ ။ ကျေးဇူးပြုပြီး ကိုယ့်အထက်လူကြီးကို လူကြီးလို ဆက်ဆံပေးပါလား "

ပျက်သွားသော မျက်နှာနောက်ကွယ်က အပြုံးယဲ့ယဲ့ဖြင့်

"ဆောရီးနော် ရှောင်လု အဲ့..ကျတော်က Director နဲ့ အတူတွဲလုပ်ရမှာဆိုတော့ အရမ်းဝမ်းသာနေလို့ပါ "

အတိတ်တိုင်းပြည်မှသည် ရွှေရောင် အနာဂတ်ဆီသို့ (Zawgyi / Unicode version)Where stories live. Discover now