💛 Love is just love 💛
Seoul ,South Korea
"Junmyeon ရေ Junmyeon "
**နာမည် ခေါ်သံနဲ့ အတူ စာသင်ခန်းထဲ အပြေးဝင်လာတဲ့ EC ကြောင့် ဘာလဲ ဆိုပြီး Jummyeon မေးဆက်ပြလိုက်တယ်**
"Junmyeon ya မင်းညီ Chen မူးလဲလို့ ကျောင်းဆေးခန်းမှာ………"
EC စကားကို အဆုံးထိ နားမထောင်လိုက်နိုင် Junmyeon စာသင်ခန်းထဲက ပြေးထွက်လာခဲ့ရင်း ဦးတည်ရာက ကျောင်းဆေးခန်းဆီသို့……
"Hyung ရောက်လာပြီလား ။ "
ဆေးခန်းက ကုတင်ပေါ်မှာ ဖြူဖျော့စွာ လဲလျောင်းနေတဲ့ ငယ်လေးက ကျွန်တော့်ကို မြင်တော့ မျက်နှာငယ်လေးနှင့် မေးလာတယ်။
"Chennie အဆင်ပြေရဲ့လား ။နေလို့မကောင်းတာ ဘာလို့ မပြောတာလဲ။ Hyung ဘယ်လောက်စိတ်ပူသွားလဲ သိရဲ့လား။ "
"Hyungကလဲ အမြဲဖြစ်နေကြကို ဘာစိတ်ပူစရာ ရှိလို့လဲ။ Hyung အခုလို စိတ်ပူနေရမှာ ဆိုးလို့ မပြောပြတာ အခုလဲ သက်သာနေပြီဟာကို ။"
"မဟုတ်ဘူးလေ Chennie ရယ် အမြဲဖြစ်နေကြပေမဲ့ အခုလိုတော့ မူးမလဲဘူးလေကွာ ။အခုထ ဆေးရုံသွားရအောင် ။"
"Hyung ကလဲ ဗျာ သက်သာပါတယ်ဆို ။ဆေးရုံကို ဘာသွားလုပ်မှာလဲ သက်သက်မဲ့ ပိုက်ဆံ ကုန်အောင်လို့ Hyung အတန်းချိန်ပြီးရင် အိမ်ပဲ ပြန်မယ်လေ ။"
"အင်းပါ အဲ့ဒါဆိုလဲ ခဏစောင့်ဦးနော် ။Hyung နဲ့ Chennie လေး လွယ်အိတ်တွေ သွားယူလိုက်ဦးမယ်လေ။ "
Junmyeon စာသင်ခန်းဆီပြန်လာတဲ့ လမ်းတစ်လျှောက် ခေါင်းငိုက်စိုက်ကြနေမိသည် …
"ဟူး မဖြစ်သေးပါဘူး ဒီအတိုင်းဆို အချိန်ပိုင်းအလုပ် ထပ်ရှာမှ ဖြစ်မယ။်"
~မိဘတွေ ဆုံးသွားပြီးကတည်းက Chennieလေးအား အဖေလိုရော အမေလိုပါ တစ်ယောက်တည်း စောင့်ရှောက်ခဲ့ရသည်မို့ Chennieလေးကို Junmyeon သည်းသည်းလှုပ်ကို ချစ်ရပါသည် ။ ~