💛Just Love💛Ep-6

3.8K 422 20
                                    

               💛Love is just love💛

တိတ်ဆိတ် ငြိမ်သက်နေတဲ့
ရှယ်ယာရှင် အစည်းအဝေး .  . . .။

အားလုံးရဲ့ အကြည့်တွေက
ခုံတန်းရှည်ကြီး၏ ထိပ်ဆုံးမှာ ထိုင်နေတဲ့
ဥက္ကဋ္ဌ Yang နဲ့  CEO Zhang YiXing ဆီမှာ . .

"အဟမ်း အားလုံးလဲ လူစုံပြီ ဆိုရင် ကျွန်တော်တို့ အစည်းအဝေး စကြရအောင်. . "

အတွင်းရေးမှူးရဲ့   ဆော်သြော်သံနဲ့ အတူ မတ်တပ်ထရပ်ကာ မိုက်ခ် ရှိရာသို့ တစ်လှမ်းချင်း သွားနေသော  ဥက္ကဋ္ဌ Yang . . 

"ဒီနေ့ ရှယ်ယာရှင် အစည်းအဝေး ခေါ်လိုက်ရတဲ့ အကြောင်းကို အားလုံးလဲ သိချင်နေကြမယ် ထင်ပါတယ် ကျွန်မ Zhang Group ရဲ့ ဆက်ခံသူ Zhang YiXing ရဲ့ အုပ်ထိန်းသူ အဖြစ် ကြေညာစရာလေး ရှိလို့ပါ "

ညာဘက်ထောင့်ဆုံးမှာ ထိုင်နေတဲ့ ရှယ်ယာဝင် ရှောင်ချန် ရဲ့ မျက်နှာတွင် စိုးရိမ်မှုတို့ ဖုံးမရ . . .

**ကျွတ် ဒီအဘွားကြီး ဘာတွေ ကြံစည်နေပြန်ပြီလဲ **

"ကျွန်မ ကြေညာချင်တဲ့ ကိစ္စကတော့ CEO Zhang ရဲ့ မင်္ဂလာ ကိစ္စပါ "

"ကျွန်မရဲ့ မိတ်ဆွေကြီး  အရင် ဥက္ကဋ္ဌဟောင်း Zhang Shang ရဲ့  ဆန္ဒအရ

မြေးလေး YiXing ကို လက်ထပ်ပြီးတာနဲ့ ဒီ Zhang Group ရဲ့ Share တွေ အားလုံး လွဲပြောင်းပေးမယ်ဆိုတာ ဒီက ရှယ်ယာဝင်တွေ အားလုံး သိထားပြီးသားပဲ မဟုတ်လား "

"ဒါဆို Mie Mie နဲ့ မင်္ဂလာပွဲကို ဆက်ပြီး ကျင်းပမှာပါလား ဥက္ကဋ္ဌ Yang "

ရှယ်ယာရှင် တစ်ယောက် ရဲ့ အမေးစကား ။

"မင်္ဂလာပွဲကတော့ ဟုတ်ပါတယ် ဒါပေမဲ့ သမီးလေး Mie Mie နဲ့တော့ မဟုတ်ပါဘူး ။"

"ဘာ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ကျွန်တော်တို့ အားလုံး စီစဉ်ပြီးသားတွေလေ ကျွန်တော့ သမီးမှာ ပထမတစ်ခါလဲ မင်္ဂလာပွဲပျက်ပြီးပြီ CEO Zhangက မဖြစ်မနေ တာဝန်ယူရမှာပါ "

ဒေါသတကြီး ပြောဆိုနေတဲ့ ဒုCEO ရှောင်ချန် ။

ကျန်တဲ့ ရှယ်ယာဝင်များမှာလဲ နားမလည်နိုင်စွာ ဇဝေဇဝါ ဖြစ်လျက် . . . .

Just Love [ Completed ]Donde viven las historias. Descúbrelo ahora