လွန်ခဲ့သော နှစ်ရက်ခန့် . . . .
" ကောင်းပြီ အဲ့ဒါဆို သူတို့ကို ဆက်ပြီးစောင့်ကြည့်ထားလိုက် တစ်ခုခုထူးခြားတာနဲ့ ငါ့ကို အကြောင်းကြား "
ဟူးး
လက်ထဲက ဖုန်းကို စားပွဲပေါ်တင်လိုက်ရင်း YiXing သက်ပြင်း ချလိုက်သည်
အခုတလော ကိုယ့် ကုမ္ပဏီ အလုပ်တွေ အပြင် လေးရှောင်ချန်တို့ လုပ်ငန်းစုကိုပါ စောင့်ကြည့်နေရတာမို့လို့ လူပင်ပန်း စိတ်ပင်ပန်း ဖြစ်နေသည် . . . .
တရားဝင် အမွေလွဲခါနီး အချိန်ဖြစ်သောကြောင့် အစစ အရာရာ သတိထားနေရသည် . . .
ဒုဥုက္ကဋ္ဌ ရှောင်ချန် ရန်ပုံငွေ အလွဲသုံးစားလုပ်ထားတာတွေ. .ပေကျင်းက အဆောက်အအုံ လုပ်ငန်းငွေသုံးစာရင်း သန်းပေါင်းများစွာ ကွာဟနေတာတွေ
မီးခိုးကြွက်လျှောက်ဆိုသလို အစတစ်ခုဖော်လိုက်တာနဲ့ နောက်က အားလုံးကို စုံစမ်းဖို့ မခက်တော့ . . .
ကိုယ်က မိသားစုလို သတ်မှတ်ပြီး တော်တော်များများ မသိချင်ယောင် ဆောင်ပေးခဲ့ပေမဲ့ အခု မရတော့ . . .
အားလုံးကို အမြစ်က ဆွဲလှန်ပြီး ပြတ်ပြတ်သားသား ဖြေရှင်းမှ ရတော့မည် . . .
CEO Zhang နာမည်နဲ့ ပါဆယ် ရောက်လာပါတယ် . .
ထားခဲ့လိုက်. . .
အတွင်းရေးမှူးက ထိုပါဆယ်ထုပ်ကို စားပွဲပေါ်တင်ပြီး ပြန်ထွက်သွားပြီ. . .
အခုရက်ပိုင်း ခြိမ်းခြောက်စာတွေ နည်းလမ်းမျိုးစုံနဲ့ ရောက်နေတတ်တာမို့လို့ ဒီတစ်ခုလဲ ထူးမခြားနားပင် ဖြစ်လိမ့်မည်. . .
အပေါ်ယံ စက္ကူ တွေကို ဖယ်ရှားပြီး ကြည့်လိုက်တော့ YiXing ထိတ်လန့်သွားရသည် . . .
Jun ပုံတွေ တနည်းအားဖြင့် . . . . Jun ရဲ့ နေ့စဉ်သွားလာမှု တွေကို ရှုထောင့်မျိုးစုံမှ ရောက်ထားတဲ့ ပုံတွေ . .
ဓာတ်ပုံတွေနဲ့ အတူ စာတစ်စောင်ပါလာသည် . စာထဲမှာ ရေးထားတာက .. . . .
" ဥက္ကဋ္ဌ Zhang ! တော်တော်များ လန့်သွားလား !
စိတ်မပူပါနဲ့ ကျွန်တော်တို့က ဥက္ကဋ္ဌ ရဲ့ ခင်ပွန်းလေးကို သေချာ စောင့်ကြည့်ပေးနေတာပါ . . . ဒီလောက်ဆို ဥက္ကဋ္ဌကြီးလည်း သဘောပေါက်မှာပါ . . . အဲ့တော့ အခု လုပ်နေတဲ့ လုပ်ရပ်တွေ အကုန်လုံးကို ရပ်တန်းက ရပ်ပြီး ချက်ချင်း CEO နေရာကနေ အေးအေးဆေးဆေး ဖယ်ပေးပါ . . မဟုတ်ရင်တော့ ဥက္ကဋ္ဌကြီးရဲ့ ခင်ပွန်းလေး အသက်ကို အာမ မခံနိုင်ဘူးနော် "