ကျွီ . . .
ဖြည်းဖြည်းချင်း ပွင့်လာသော တံခါးနှင့်အတူ ဆေးရုံခန်းထဲ ဝင်လာသော လူတစ်ယောက် ။
" Xing သတိရပြီလားဟင် "
အခန်းထဲရှိနှင့် ပြီးသား သူများမှာလဲ ခေါင်းခါ ရုံကလွဲ ဘာမှ မတတ်နိုင်ကြ ။
ကုတင်ခြေရင်းမှာ ပုံကျ သွားသောကောင်လေးကြောင့် Kris မှာ ပြေးထူရသည် ။
" Junလေး "
" ကျွန်တော် ညနေ ပြန်တော့မှာ "
ထင်မှတ်မထားသည်မို့ အားလုံးမှာ အထိတ်တလန့် ။
" ကျွန်တော် Xing ကို နှုတ်ဆက်ချင်တယ် "
Junmyeon စကားအဆုံး အဘွားYing တို့က ဆေးရုံခန်းထဲမှာ အလိုက်တသိ ထွက်သွားပေးကြလေသည် ။
အခန်းတံခါး ပိတ်သံ၏ နောက်မှာတော့ ဆေးရုံးခန်းတွင်း တိတ်ဆိတ်လျက် ။
ကုတင်ပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေတဲ့ Xing ကို ကြည့်ရတာ Junmyeon ရင်တွေ နာလှပါပြီ ။
နှလုံးခုန်စက်တွေ အောက်စီဂျင် ပိုက်တွေ ကြားထဲမှာ Xingဟာ ဖျော့တော့လျက် ။
စောင်အောက်က လက်တစ်ဖက်ကို အသာဆွဲယူရင်း Junmyeon ပါးမှာအပ်ထားလိုက်သည် ။မျက်ရည်တို့မှာလဲ အထိန်းအကွပ်မဲ့စွာ ပြိုဆင်းလာသည် ။
Xing ကို နှုတ်ဆက်စကားတွေ အများကြီး ပြောမယ်ဟု ရည်ရွယ်ထားပေမဲ့ တကယ်တမ်းကျ ဘာမှ မဆိုနိုင် ။
ဘယ်လို လုပ်မလဲ Xing အနားက ထွက်သွားဖို့ Junmyeon တကယ် အဆင်သင့်မဖြစ်သေး ။ အထူးသဖြင့် သတိမရသေးတဲ့ Xingကို ထားခဲ့ဖို့ Junmyeon မလုပ်ရက် ။
ဘာစကားမှ မဆိုပဲ ငိုနေမိတာ အချိန်အတော်ကြာတဲ့ အထိပင် ။
"အင့် .ကျွန်တော့်ရဲ့ Xing အမြန်ဆုံး ပြန်ကျန်းမာပါစေ . .
အခုလို စိတ်ဆင်းရဲစရာတွေလဲ ထပ်ပြီး မတွေ့ပါစေနဲ့တော"့အင့် ~
ပြတ်တောင်း ပြတ်တောင်း ဆုတောင်းသံတွေဟာ ငိုရှိုက်သံနဲ့အတူ ရောထွေးလျက် ။
" မနက်စာလည်း အချိန်မှန်မှန်စား…
ပြီးတော့ နောက်ကျတဲ့ အထိ အလုပ်တွေလည်း မလုပ်နဲ့နော် …ကော်ဖီတွေလည်း အများကြီး မသောက်တော့နဲ့ …"