❤Love is just love ❤
ပြတင်းတံခါးကနေ တစ်ဆင့် ဝင်ရောက်လာတဲ့ နေရောင်ခြည် နွေးနွေး . . .
အဖြူ ရောင် အခန်းငယ်အတွင်း အိပ်မောကျနေတဲ့ ကလေးငယ် ရဲ့ ပုံရိပ်ဟာ တုနှိုင်းမဲ့ ပန်းချီကား သဖွယ် . . .
နေရောင်ထိုးလို့ ထင်ပါရဲ့ မျက်မှောင်လေးတွေတောင် ကြုံ့ လို့ ကိုယ်ကို ဘေးစောင်းလှည့်သွားလေရဲ့ . . .
အိပ်နေတဲ့ အချိန်မှာတောင် ပြီးပြည့်စုံနေတဲ့ ထိုလူသားလေးကို တစိမ့်စိမ့် ထိုင်ကြည့်ခွင့် ရတာ MinSeok အတွက် ဘုရားကပေးတဲ့ ဆုလာဘ် . . .
အင်းးး
ကြည့်နေခွင့် ရ ရုံ အပြင် ဘာမှ မတတ်နိုင်တာတော့ ဘုရားက ပေးတဲ့ ချိုမြိန်သော အပြစ်ဒဏ်တစ်ခု ပေါ့ . . .ကိုယ့်ချစ်ခြင်းတွေက ထုတ်ပြခွင့်မှ မရှိတာ . .
အိပ်မောကျနေတဲ့ ကလေးငယ်ကို မနှိုးချင်ပေမဲ့ ကျောင်းနောက်ကျနေမည်ဆိုးသောကြောင့် နှိုးရပေဦးမည် . . .
"Chennie Chen Chen ထတော့လေ ကျောင်းတက်ရမယ်လေ ထတော့ "
ကုတင်ပေါ်မှာ တလူလူးတလှိမ့်လှိမ့်နဲ့ ထလာတဲ့ အကောင်ငယ်လေးဟာ ဆွဲဖြစ်ညှစ်ချင်စရာ . . .
ဒီ့ထက်ပိုကြည့်မိလျှင် MinSeok စိတ်မထိန်းနိုင်ဖြစ်တော့မှာ မို့လို့ ကျောခိုင်းပြီး ကလေးငယ်ရဲ့ လွယ်အိတ်ကိုသာ ပြင်ပေးနေလိုက်သည် . . .
"ကိုကို "
ခေါ်သံလေး တစ်ခုနဲ့တင် ရင်ထဲမှာ လှိုက်ခနဲ
"ကိုကို လို့ Chennie ခေါ်နေတာ မကြားဘူးလား "
"ကြားပါတယ်ဗျာ ကိုကိုက ဒီမှာ Chennie အတွက် လွယ်အိတ်ပြင်ပေးနေလို့ပါ ကဲ ထတော့ မနက်စာ ပြင်ပေးပြီးပီ "
"ဟုတ်ကဲ့ ကိုကို Chennie အိပ်ယာထတာ နောက်ကျသွားတယ် ညက Junnie Hyung နဲ့ စကားးပြောနေလို့ "
"ဟုတ်လား ညီအစ်ကို နှစ်ယောက် အလွမ်းသယ်နေကြတယ်ပေါ့လေ "
"ဟီးးး Chennie ကလေ Jun Hyung ကို လွမ်းနေတာ Hyung က ဟိုမှာ အဆင်ပြေတယ်တဲ့ Chennie ဆီကို ဓာတ်ပုံတွေ ပို့ပေးတယ် သိလား ကိုကို "