Just Love Ep- 10

3.3K 306 25
                                    

Love is just love

ခရီးက ပြန်ရောက်ကတည်းက  Junmyeon CEO Zhang ကို ရှောင်နေမိသည် . .  .

CEO Zhang !!! မဟုတ်သေးဘူး Xing . . 

သူ့ကို Xing လို့ ခေါ်ပါလို့ ပြောလာတဲ့ Zhang CEO . . . 

အခုတလော Xing လဲ ထူးဆန်းနေသည် . . . ထို့အတူ Junmyeonလည်းပဲ ထူးဆန်းနေကြောင်း  ကိုယ့်ကိုယ်ကို သတိထားမိလာသည် . .,.  .

Xing အနား ရောက်ရင် ရင်တွေ တုန်လာတာမျိုး . . .
ဘယ်လိုမျိုးလဲ မသိပေမဲ့ တစ်ခုခုတော့ တစ်ခုခုပင် . . .

ဒါကြောင့် မတွေ့အောင်သာ ရှောင်နေလိုက်သည် . .
သို့ပေမဲ့ ထူးဆန်းတာကြီးက ပျောက်မသွား . . . .

ရှောင်နေရင်းနဲ့ တည့်တည့်တိုးသည့် အခါတိုင်း . . .  နှစ်ယောက်စလုံး အိုးတို့အမ်းတန်းတွေ ဖြစ်ပြီး မျက်နှာတွေ ပူလာရသည် . . . .

မဖြစ်ချေ  . . . .အတုအယောင်ကို အစစ်အမှန်လို ခံစားနေလို့ မဖြစ် . . . .. .
Junmyeon ဆိုတာ အချိန်တန်
အိမ်ပြန်ရမည့် သူပင် . . . . .

အဲ့အခါကျ ခံစားချက်တွေ တပွေ့တပိုက်နဲ့ ကိုယ်ပဲ စိတ်ဆင်းရဲရမည် . .

*******

ခြံထဲဆင်းပြီး  အိမ်တော်က အလုပ်သမားတွေကို ကူပြီး လုပ်ပေးနေတုန်း  အိမ်ထော်ထိန်း  ဦးလေးကြီး ရောက်လာပြီး . .  .  . .

အစ်ကိုလေး . . .   သခင်မကြီးဆီက ဖုန်းလာတယ် Yang အိမ်တော်ကို လာခဲ့ပါတဲ့ . . .

ဘွား Yang က အခေါ်လွှတ်တာမို့ Junmyeon  ချက်ချင်းထသွားဖို့ ပြင်ရသည် . .  .

အစ်ကိုလေး သခင်လေးကို ဖုန်းဆက်ပြီး
ပြောလိုက်ရမလား . .  . .

ဒီနေ့ ရှယ်ယာရှင်တွေနဲ့ အရေးကြီး အစည်းအဝေး ရှိတယ်လို့ Xing မနက်က ပြောသွားတာကြောင့် . . .

ရတယ် ဦးလေး ကျွန်တော့ဘာသာပဲ သွားလိုက်တော့မယ်

အဲ့ဒါဆိုလည်း သခင်လေး စီစဉ်ပေးထားတဲ့ လူတွေကို ခေါ်သွားပါနော် သခင်လေးက အစ်ကိုလေးကို တစ်ယောက်ထဲ အပြင်မထွက်ဖို့ မှာထားလို့ပါ . . .

Junmyeon ခေါင်းပဲ ငြိမ့်ပြလိုက်သည် သူ့မှာ အထွန့်တက်ခွင့်မှ မရှိတာ  . . . 

Just Love [ Completed ]Where stories live. Discover now