💚Love is just love💚
ဝင်လာကတည်းက ဆလိုက်မီးရောင် ပြိုးပြိုးပျက်ပျက်တွေကြားထဲ ကြည့်နေရင်းကို YiXing ခေါင်းတွေ မူးလာသည် ။
"ကျွတ်စ် Kris ကလဲ ဘာလို့ ဒီလို နေရာမျိုးကိုမှ ချိန်းတာလဲကွာ။"
စိတ်ပျက်စွာ ရေရွတ်မိရင်း သူတို့ ရှိမယ်ထင်တဲ့ VIP အခန်းထဲ ဝင်လိုက်တော့ ထင်တဲ့ အတိုင်းပင် Kris အပြင် Tao ပါ ပါသည်။
"မင်းတို့ ကကွာ ဘာလို့ ကလပ်မှာ ချိန်းတာလ။ဲ မီးရောင်တွေနဲ့ မူးနောက်နေတာပဲ ။"
"အောင်မာ ဒီလိုနေရာမျိုးက မင်းကို ဘယ်သူမှ
မရိပ်မိမှာလေ။"သူပြောတာလဲ ဟုတ်နေ၍ YiXing ငြိမ်နေရသည်။
လေးချန်ရဲ့ လူတွေ ကိုရီးယားထိ လိုက်လာတာတော့ အမှန်ပင် ။ဘွား Yang ကလဲ လှမ်းပြီး သတိပေးထားသည် ။
လွန်ခဲ့တဲ့ တစ်ပတ် YiXing ကိုရီးယား ရောက်ကတည်းက Kris စီစဉ်ပေးထားတဲ့ အတိုင်း အိမ်ထဲက အိမ်ပြင်ပင်မထွက်ရ ။အခုတောင် Kris တို့ Korea ရောက်ပြီဆိုလို့ all black နဲ့ ပုန်းလှိုးကွယ် လှိုး ထွက်လာရတာ ။"YiXing မင်း ဘာဆက်လုပ်မှာလဲ ။ ဒီအတိုင်းပဲ ရှောင်နေလို့တော့ မဖြစ်ဘူးနော် ။"
"ဟုတ်တယ် Ge ။Kris Ge ပြောတာ မှန်တယ။် အခု သူတို့ဘက် လူတွေ ထပ်လွှတ်ထားလောက်ပြီ။ နေရာ အတိအကျ မသိသေးလို့သာ Ge နဲ့ မတွေ့သေးတာနော်။ ဒီလိုဆို တစ်ချိန်ချိန်မှာ ပြန်မိသွားမှာပဲ။"
"ဟူးး အဲ့ဒါပဲ ငါပဲ စဉ်းစားနေတာ။ အဘိုးသေတမ်းစာအရ ငါက အခုချိန် မဖြစ်မနေ အိမ်ထောင်ပြုရတော့မှာ လေးချန်တို့ဘက်ကလဲ အဲ့တာကို သိလို့ အတင်းအကြပ် စီစဉ်နေကြတာ ။"
"အဲ့ဒါဆိုလဲ ဘာစဉ်းစားနေတာလ။ဲ မိန်းမ တစ်ယောက်ယောက် အမြန် ယူလိုက်လေ ။မင်းကိုဆို အသေရရ အရှင်ရရတွေ ပုံနေတာပဲကို ။"
"ဟ သူတို့က ငါ့ကို လိုချင်နေတာမှ မဟုတ်တာ ။ ငါ့နောက်က Zhang Group ဆိုတာကြီးကို လက်ဝါးကြီး အုပ်ချင်နေတာလေ။ "
"အေးကွာ မင်းအဖြစ်ကလဲ မလွယ်ပါလားနော် ။"
ဒီလိုနဲ့ YiXing တို့ စကားဝိုင်းက အဖြေမထွက်တဲ့ အမေးတွေနဲ့ပဲ အဆုံးသတ်သွားရသည။် တစ်ခါ တစ်ခါ ချမ်းသာတဲ့ မိသားစုရဲ့ အမွေဆက်ခံသူဖြစ်နေတဲ့
ကိုယ့်ဘဝကိုယ် စိတ်ကုန်မိသည် ။သုံးယောက် အတူတူ ရှိနေရင် ရိပ်မိကုန်မှာဆိုးလို့
Kris တို့နဲ့ လမ်းခွဲပြီး ကလပ်က ထွက်လာကတည်းက YiXing စိတ်ထဲ မသိုးမသန့် ။ အနောက်က တစ်ယောက်ယောက် လိုက်လာသလို ခံစားနေရတယ်။YiXing လမ်းကို ခပ်သွက်သွက်လျှောက်ရင်း အနောက်ကိုလဲ လှည့်မကြည့်ရဲ ။
တဖြည်းဖြည်း အနောက်က လူက မှီလာတော့မယ့်ပုံမလို့ YiXing ပြေးရတော့သည် ။လမ်းမကြီးတောက်လျှောက်ပြေးရင်း သိပ်မကြာလိုက် လမ်းကွေ့တစ်ခုအရောက်
" တီ တီ "
"ဒုန်း "
"အားးးး "
YiXing အရှေ့ကို အရှိန်နဲ့ ပြေးဝင်လာတဲ့ ကားတစ်စီး ။
YiXingကို ကားနဲ့တိုက်လိုက်တာကြောင့် အဝေးတစ်နေရာ အထိ လွင့်ထွက်သွားရင်းက မျက်လုံးတွေ မမှိတ်ခင် ကားမောင်းသူ နေရာကို လမ်းကြည့်မိတော့ လေးချန်ရဲ့ လူယုံတော် တစ်ယောက်။ရက်စက်လိုက်ကြတာ လူ့အသက်ကို ဒီလို လွယ်လွယ်လေးန။ဲ့ YiXing မပီမသ ရေရွတ်ရင်း မျက်လုံးတွေ အမှောင်ကျသွားခဲ့လေပြီ ။
YiXingကို တိုက်မိတဲ့ ကားပေါ်က လူတစ်ယောက် ဆင်းလာပြီး ဖုန်းနံပါတ်တစ်ခုကို နှိပ်ရင်း
"ဆရာ ခိုင်းတဲ့ အတိုင်း ပြီးပြီဆရာ တော်တော်တော့ ဒဏ်ရာပြင်းတယ် ဟုတ်ကဲ့ ဆရာ ထားခဲ့ပြီး ကျွန်တော်ပြန်လာနေပြီ ။"
ထိုလူ့ကား ထွက်သွားပြီး သိပ်မကြာလိုက်
" ဟေ့လူ ဟေ့လူ သတိထားဦးလေ ။ ဆေးရုံပို့ပေးမှာမို့လို့ သတိထားဦးလို့ ဟေ့လူ ။"
#KB