🐰Love is just love 🐰
Zhang အိမ်တော် တစ်ခုလုံး လူရုတ်စု ရုတ်စုတို့ဖြင့် သက်ဝင်လှုပ်ရှားနေသည်
ဟိုမှဒီမှ ထွက်လာတဲ့ အသံတွေသည်လဲ Zhang အိမ်သူအိမ်သားတို့ရဲ့ အလုပ်ရှုပ်နေမှုကို ဖော်ညွှန်းနေသကဲ့သို့ပင်အားလုံးရဲ့ မျက်နှာမှာလဲ အပြုံးကိုယ်စီဖြင့် . . .
"Wei အဲ့ ပန်းအိုးတွေက ဒီရှေ့နားကို လာချ ယမ့်ယမ် မြေးလေး Jun ရော အဆင်သင့်ဖြစ်ပြီလား "
"အကိုလေး Jun က မင်္ဂလာ အဝတ်အစား လဲနေပါပြီ "
"မြေး Xing ဘွားနားလာဦး "
ဘွားYang ခေါ်သံကြောင့် မင်္ဂလာပွဲအတွက် အစားအသောက်များ စီမံနေရမှ YiXing ထလာခဲ့ရသည်
"မြေး YiXing Jun လေးကို သွားကြည့်ပေးလိုက်ဦး သူ့ခမျာ တစ်ယောက်ထဲ စိတ်ကျဉ်းကျပ်နေမှာ "
"ဟာ ဘွားကလဲ . . . . . ကျွန်တော်လဲ သွားကြည့်ရမှာ မျက်နှာပူလို့ အဆောင်ရှေ့ ထွက်လာတာပါဆို "
"ဟေ မြေး က မျက်နှာပူစရာလားကွဲ့ သွား သွား ကလေးဆီကို သွားလိုက် ဒီက ကိစ္စ ဘွား စီစဉ်လိုက်မယ် . "
ဘွား Yang အတင်းတွန်းလွှတ်မှုကြောင့် အဆောင်ထဲသို့ တွန့်ဆုတ် တွန့်ဆုတ် ဝင်သွားရတဲ့ YiXing
ဒေါက် ဒေါက် . . .
အဝတ်လဲခန်းသို့ မဝင်ခင် တံခါးခေါက်ကာ အသံပေးလိုက်တော့"ဘယ် . . ဘယ် သူလဲဟင် . . "
"Jun ကိုယ်ပါ ဝင်လာခဲ့မယ်နော် "
YiXing ပြောလို့ မဆုံးခင် ပွင့်လာတဲ့ တံခါးနှင့်အတူ ရင်ခွင်ထဲ ပစ်ဝင်လာသည့် ကိုယ်လုံးလေး
"ကျွန်တော် အရမ်း . . . ကြောက်နေခဲ့ ရတာ . . ခု န က. . ."
ရှိုက်ကြီးတငင် နှင့် စကားကို ဗလုံးဗထွေး ပြောလာသည့် Junကြောင့် စိုးရိမ်မှုက ဂိတ်ဆုံးမှာ . .
င်္ရင်ခွင်ထဲက ကောင်လေးကို ဆွဲထုတ်ရင်း
"Jun ကိုယ့်ကိုကြည့် ဘာဖြစ်တာလဲကိုယ့်ကို ပြော . ".
"ခုနက Mei Meiဆိုတဲ့ တစ်ယောက် ရောက်လာပြီး ကျွန်တော့ကို မင်္ဂလာပွဲ ဖျက် ပေးဖို့ လာပြောတယ် . . . . ကျွန်တော်က . . ကျွန်တော်က မလုပ်ပေးနိုင်ဘူးပြောတော့ . . ဟီးးးးး "