(Zawgyi)
* ဒုန်း !!!! *
"ဗျာ!!!...လက်ထပ်ရမယ်!!!! "
Coffeeဆိုင်ထဲတွင် ဟိန်း၍ ပေါ်ထွက်လာခဲ့သော
Baekhyunနဲ့ Chanyeolတို့ နှစ်ယောက်၏ အော်သံများ ။အမေဖြစ်သူတို့နှင့် စကား ထိုင် ပြောနေရင်းမှ ရုတ်တရက်
သူတို့ ထင်မှတ်မထားသော အမေနှစ်ယောက်ရဲ့စကားအဆုံး...မျက်နှာ၌ အံ့သြမှု အထင်းသားဖြင့် လက်ထဲက Coffeeခွက်ကို
စားပွဲပေါ်သို့ ဆောင့်ချကာ နှစ်ယောက် ပြိုင်တူ ထိုင်နေရာမှ
မတ်တတ် ထ ရပ်ပြီး အော်လိုက်သောအခါ...Coffeeဆိုင်ထဲရှိ လူတစ်ချို့တို့၏ အကြည့်များသည်
သူ့တို့ နှစ်ယောက် မျက်နှာပေါ်သို့ ကျရောက်၍ လာခဲ့၏ ။" ဟဲ့..ဟဲ့...ဒီကလေး နှစ်ယောက်နဲ့တော့ တကယ်ပါပဲ
ဘယ်လိုဖြစ်လို့ တစ်ပြိုင်နက်တည်း ထ အော်နေကြတာလဲ ! "ထိုသို့ ပြောလိုက်သော Ms.Byun၏ ပခုံးအား လက်ဖြင့်
တစ်ချက်ပုတ်ပြီး ပြုံးလျက် ပြောလိုက်တဲ့ Ms.Park..." သူငယ်ချင်းကလဲ ကလေးတွေ ဝမ်းသာလွန်းအားကြီးလို့
ထ အော်နေကြတာဖြစ်မယ် "" ဟုတ်မယ် သူငယ်ချင်းရေ "
သားတွေ၏ ဖြစ်ပျက်နေသည့် မျက်နှာအား တစ်ချက်
မကြည့်ပဲ တစ်ယောက်စကားကို တစ်ယောက်ပြန်ဖြေရင်း
ပြုံးပျော် နေကြသော Ms.Byunနဲ့ Ms.Parkတို့၏
အခြားတစ်ဖက်တွင်တစ်ယောက်ကို တစ်ယောက် ပြာကျမတက် မျက်စောင်းအပြန်အလည်ထိုးလျက် နှုတ်မှ အသီးသီး တီးတိုး အဆဲကဗျာရွတ်နေကြသော Baekhyunနဲ့ Chanyeolတို့ နှစ်ယောက် ။
ဘာ !!! ငါလို ချစ်စရာကောင်းတဲ့ လူက သူလို့ နားကားကို
လက်ထပ်ရမယ် ! မဖြစ်နိုင်ဘူး ! လုံးဝ လုံးဝမဖြစ်နိုင်ဘူး..!!သူနဲ့သာငါလက်ထပ်လို့ကတော့ အင်္ကျီတစ်ထည်ကို
တစ်နှစ် မဟုတ်ရင် နှစ်နှစ်ဝတ်နေရမှာ...