(Zawgyi)
" ဝါးးးး . . ."
မာန်တင်း၍ လုပ်လာတဲ့ အလုပ် ။
နောက်ဆုံးတော့ ပြီးဆုံးခြင်းဆိုတဲ့ ပန်းတိုင်သို့ ရောက်လို့
အိပ်စက်ခြင်းရဲ့အစ သန်းခြင်းဆိုတဲ့ အတိုင်း ထိုင်ခုံ၌
ကျွန်တော် ထိုင်ရင်း အားရပါးရ သန်းနေမိ ။နောက်ဆုံးတော့ ကျွန်တော် ရည်မှန်းထားခဲ့သလို
Gameကောင်းကောင်း တစ်ခုကို နောက်ထပ်
တီထွင်နိုင်ခဲ့ပြန်ပြီလေ ။မနက်မိုးလင်းလို့ ဝါဝါ ဝင်းဝင်း အရောင်တလဲ့လဲ့နဲ့
အလင်းရောင် ဖြန့်ကျကာ ထွက်လာတဲ့ နေမင်းကြီးကို
ကျွန်တော် ငေးကြည့်လျက် ကိုယ်၌ တင်းနေသည့်
အကြောများအား မတ်တပ်ရပ်ကာ ဆန့်ထုတ်လေသည် ။" ဟားးးး အခုမှပဲအသက်ဝဝရှူနိုင်တော့တယ် "
ကောင်းကင်တစ်ခွင် ပေါ်ထွက်လာတဲ့ နေမင်းကြီးအား
အချိန်အတော်ကြာ ငေးကြည့်မိပြီးနောက် သူအိပ်များ
ပျော်မလားလို့ တွေးပြီး အနောက်သို့ လှည့်၍ ကြည့်လိုက်စဉ်...ရုံးခန်းထဲတွင် အလုပ်ပြီးလို့ ခဏမှေးနေတဲ့ KyungSooနဲ့
ကျွန်တော်မှ လွဲ၍ မည်သူမှ မရှိပေ ။" ဘယ်များသွားနေပါလိမ့် "လို့ နှုတ်မှ ရွတ်ကာ
ရုံးခန်းအပြင်သို့ လျှောက်လာခဲ့တဲ့ ကျွန်တော်...နေရာအနှံ့သို့ မျက်လုံးကစား၍ လိုက်ကြည့်နေရင်း
မျက်နှာချင်းဆိုင်မးအရပ်မှ ကျွန်တော်ဆီသို့ တည့်တည့်
မတ်မတ် လျှောက်လာသည့်သူ..." Baek နိုးပြီလား "
" အင်း . . . စောစောစီးစီး မင်းဘယ်သွားနေတာလဲ! "
" အာာ. . . ဒီမှာ Baekတို့အတွက် မနက်စာသွားဝယ်တာ "
" သြော် . . . "
" ဒါနဲ့ Baek ဒီနေ့ အားလား! "
" အင်း . . . ဒီနေ့က အစည်းအဝေးတက်စရာပဲရှိတာ
ကျန်တဲ့ အချိန်က အားလပ်ချိန်ပဲ . . . မင်းဘာလို့မေးတာလဲ !"