BABYSITTER [ 07 ]

8.6K 866 21
                                    

(Zawgyi)


" ဘာလို့လဲဆို​တော့ ကိုယ်​...ကိုယ်..​​မင်းကို...မင်းကို "

" မင်းကို ဘာဖြစ်​လဲ ! "

စကားတထစ်​ထစ်​နဲ့​ ပြော​နေတဲ့Chanyeolအား
သူ​စိတ်​မ​ရှည်​​တော့ပဲ အ​နောက်​က​နေ စကားလိုက်
ထောက်​​ပေး၍​ ပြောလိုက်​​သောအခါ...

သူ့မျက်​နှာသို့Chanyeol အ​သေအချာ ပြန်​ ​စိုက်​ကြည့်​လာပြီး
နှုတ်​မှ​ သူ့​အား ​ပြောချင်​​သော စကားကို အစ ပြန်​​ဖော်​ကာ
ပြောရန် ဟန်​ပြင်​​နေရဲ့ ​...

" မင်းကို... "

✆ Call me baby ✆

စားပွဲ​ပေါ်၌ တင်​ထားတဲ့ သူ့ ဖုန်း​ ထမြည်​သံ​ကြောင့်
Chanyeol ပြောဖို့ ရည်​ရွယ်​ထားခဲ့​သော လည်ေ​ချာင်းထဲမှာ
စကားများ ထွက်​ကျလာခြင်း မရှိပဲ​ ပျောက်​ရှသွားခဲ့ရသလို ။

သူသည်လ​ည်း မြည်​​နေ​သော ဖုန်းအား လှမ်းယူပြီး
ဝင်​လာ​သော အဝင်​ ဖုန်းအား တစ်ချက် ​​ကြည့်​လိုက်​စဉ်​...

~ KyungSoo ...!
ဒီအချိန်​ကြီး ဘာကိစ္စများ ရှိလို့ပါလိမ့် ~

" ​အေး ​ပြော KyungSoo "

" ..... "

" ဘာ!!! ဘယ်​လိုဖြစ်​တာလဲ !! "

" ..... "

" မင်း​သေချာမသိမ်းထားခဲ့ဘူးလား! အခု ဘယ်​လိုလုပ်​မလဲ!
မနက်​ကျရင်​ အစည်းအ​ဝေးမှာ မတင်​ပြနိုင်​ရင်​ သွားပြီကွာ "

ထိုင်​၍ ဖုန်း​ပြော​နေရာမှ စိတ်​တိုတိုနဲ့ မတ်တပ်​​ထရပ်​ကာ
တစ်​ဖက်​က KyungSooအား​ ဒေါသထွက်​၍ ဆူပူ
ငေါက်​​နေတဲ့ သူသည် ​ကျွန်​​တော်ကို ခုနက က​လေးဆန်​စွာ
ကောက်​​နေတဲ့သူနဲ့ လားလားမှ မတူ​လောက်​​အောင်​ပင်
ပြောင်းလဲလို့သွားခဲ့သည်​ ။

ကျွန်​​တော်​ ငယ်​ငယ်​ကတည်းက​နေ အခုချိန်​အထိ
သူ့ကို သ​ဘောကျ​သော အချက်​သည်​ ထိုအချက်
ဖြစ်​သည့်​ အလုပ်​နဲ့ ကိုယ်​​ရေးကိုယ်​တာကို ခွဲခြားထား​သော
အချက်​ပင်ဖြစ်၏ ​​။

သူ အားလပ်​တဲ့ အချိန်​တွင်​ သူ ကြိုက်​တဲ့ ပုံစံဖြင့်​​ ​နေ​​နေ
သော်​လည်း အလုပ်​ချိန်​တွင်​​တော့မူ သူကိုင်တွယ်ထားသည့် ၊
တာဝန်ယူထားသည့်​​​​ ​အလုပ်​ကို​ အ​သေအချာ စည်းစီနစ်​ကျကျ
လုပ်​တတ်​​၏​ ။

|| BABYSITTER || 《COMPLETED》Where stories live. Discover now