(Zawgyi)
မင်္ဂလာ ခန်းမထဲသို့ မဝင်ခင် မင်္ဂလာသတို့သမီးတို့
နားနေရာ နေရာ ဖြစ်သည့် အခန်းထဲ ရှိနေသောကျွန်တော် ။မျက်စိ အရှေ့တွင် ရှိသော မှန်ထဲ ထင် ဟပ်နေသည့်
ကိုယ့် ပုံ ကိုယ်အား ပြန်ကြည့်ရင်း သိပ် ဘဝမကျ ဖြစ်မိ ။ဘယ်နှယ့် မိန်းကလေးမဟုတ် ၊ ဘာမဟုတ်နဲ့ ပန်းစည်းကြီး
ကိုင်ထားရတဲ့ ကျွန်တော် ။ စိတ်ထဲ ဟိုနားကားအား
မကျေနပ်ကြောင်း အသံတိတ် ကျိန်ဆဲကာ ၊ လှပ လှသော
စကားလုံး လှ လှလေးတွေနဲ့ သီကုံး ထားသည့် မေတ္တာများ
ပို့၍ နေမိ၏ ။" Con...Con...သားကြီး "
ဆိုဖာပေါ်တွင် ဆန့် ဆန့်ကြီး ထိုင်ကာ ကင်မရာ စမ်းနေသော
ကျွန်တော်ရဲ့ ပြောမနာ ၊ ဆိုမနာ ကျောင်းနေဖက် သူငယ်ချင်း
ဖြစ်သည့် KyungSoo ဆိုတဲ့ ပင်ကွင်းစုတ်၏...လှောင်ရယ် ပြုကာ လှမ်း ပြောလိုက်တဲ့ စကားကြောင့်
ထွက် စ ပြုနေသော ဒေါသတို့သည် ထိန်းချုပ်မှုများ
ပျက်ပြားကာ တရှူးရှူးနဲ့ ထွက်လာသော ဒေါသတို့အား
အပြစ်မရှိသော ကြမ်းပြင်ကိုသာ ခြေ ဖြင့် အရှိန်ပြင်းပြင်း
၎,၅ချက် ဆင့်၍ ဆောင့်ချပြီး ပြန် ထိန်း ထားလိုက်မိသည် ။" မင်း ရုပ်ကြီးကလဲ ကွာ ဆိုးလိုက်တာ ရှုံ့မဲ့နေတာပဲ
ဘာ ဖြစ်နေတာလဲ ! အီးမှန်ထားတဲ့ရုပ်နဲ့ ဒါ မင်းရဲ့
မင်္ဂလာဆောင်နော် နည်းနည်း ပါးပါးလေးတော့
ဟန်ဆောင်ပြီး ပြုံးဦးမှ ပေါ့ကွာ "" ဘာလို့ပြုံးရမှာလဲ ! မပြုံးနိုင်ပါဘူး ၊ ဟန်ဆောင်ပြီးလဲ
မပြုံးနိုင်ဘူး ၊ ရိုးရိုးလည်းမပြုံးနိုင်ဘူး လက်မထပ်ချင်ဘူး
အဲ့နားကားကြီးနဲ့...မင်္ဂလာ လုံးဝ မဆောင်ချင်ဘူး!!!! "ခြေဆောင့်ကာ ပိတ် အော်လိုက်သည့် ကျွန်တော့် အသံ ။
အခန်းထဲ စူးရှကာ ကျယ်လောင် သွားသည်မလို့ ။