(Zawgyi)
* ဘုတ် *
ဧည့်ခန်းထဲသို့ ရောက်သည်နှင့် လက်ထဲက ဆွဲထားသော
ခရီးဆောင် အိတ်တို့ကို ပစ်ချကာ မျက်လုံးကစားကာ
အိမ် တစ်ပတ် လိုက်ကြည့်တော့ ...မဆိုးပါဘူး ။ မေမေတို့ စီစဉ်ပေးထားတဲ့ အိမ်က လှသား ။
ခရီးရောက် မဆိုက် မနားနိုင် တစ်ခန်း ဝင် တစ်ခန်း ထွက်နဲ့
လိုက် ကြည့်နေမိသော ကျွန်တော် ။ နောက်ဆုံးတော့
ကျွန်တော် အကြိုက်ပါ စီစဉ် ပေးထားတာကို တွေ့ရတော့မှပဲ
အမောပြေကာ ရင်ထဲက အလုံးကြီး ကျ သွားရတော့သည်။" ရေကူးကန်! ဘာလို့ လုပ်ပေးထားတာလဲ !
မေမေတို့ကတော့ကွာ အပို အလုပ်တွေ အရမ်း လုပ်တာပဲ "ကျွန်တော် ဘေးသို့ လာ ရပ်ပြီး လက်ပိုက်လျက်
အရှေ့က မြင်နေရသည့် ရေကူးကန်ကို ကြည့်ကာ
ပါးစပ်က တွတ်ထိုး အပြစ်ဆိုနေသော သူ့ကို ကျွန်တော်
ခပ် စွေ စွေ စောင်း ကြည့်လျက်...." ရေကူးကန်က ငါလုပ်ခိုင်းထားတာ..ဘာဖြစ်လဲ ! "
" မင်းလုပ်ခိုင်းတာ! ဒီရေကူးကန်ကို! ဟုတ်လား! "
" ဟုတ်တယ် "
" ကလေး ကလားကွာ "
" ဘာ!! "
" ဟုတ်တယ်လေ ဒီလောက် ကိုယ့် အလုပ်နဲ့ ကိုယ်တောင်
ရှုပ်နေတာ ရေကူးဖို့ ဆိုတာ အချိန်ကို မရှိဘူး အဲ့ဒီတော့
ဒီ ရေကူးကန်က အလကား အပို ဖြစ်နေပြီပေါ့ကွ
မင်း ဒါလေးတောင် မစဉ်းစားတက်ဘူးလား ဟမ်!! "" ငါ့ကို လာပြီး စွတ် ဟောက်မနေနဲ့ မင်းသာ ရေကူးဖို့
အချိန်မရှိတာ ငါ့ အတွက်ကတော့ ရေကူးဖို့ အချိန်က
သက်သက်ရှိပြီးသား အဲ့ဒီတော့ကာ ဒီရေကူးကန်က လုံးဝ
အပို မဟုတ်ဘူး ရှင်းတယ်နော် "" သြ သြော် မင်း မှာ အချိန်တွေ သိပ် ရှိနေတယ်ပေါ့ "