(Zawgyi)
ရင်ခွင်ထဲတွင် အိပ်ပျော်နေသော သူ...။
ဘယ်တုန်းကတည်းက အိပ်ရေးတွေ ပျက်ထားသလဲ မသိ ။
အခုမှပဲ ပျက်ထားခဲ့သော အိပ်ရေးတွေကို အတိုးချကာ
အိပ်နေသလား အောင်းမေ့ရတယ်... ။မနေ့က ကားပေါ်မှာကတည်းက အိပ်ပျော်သွားသော အိပ်ခြင်း ။
ကျွန်တော် သူ့ကိုယ်လေးအား အသာ ပွေ့ချီပြီး အိမ်ထဲသို့
ဝင်လာပြီး ကုတင်ပေါ်သို့ တင်ပေးလိုက်သည့် တိုင်အောင်
အသံတစ်ချက် မထွက်ပဲ ငြိမ်သက်စွာ အိပ်လို့ပျော်နေမြဲ ... ။" Baek ah . . . Baek "
သူ့ ပါးလေး နှစ်ဖက်အား ကျွန်တော့် လက်ကလေး တစ်စုံနဲ့
အုပ်၍ ကိုင်လျက် တိုးညင်သော လေသံလေးဖြင့် နိုးလိုက်စဉ်...ညည်းသံလေးတွေနဲ့ ကျွန်တော့် ခါးအား ပိုတင်းတင်း
ဖက်လာပြီး မှိတ်ထားသော မျက်ဝန်း တစ်စုံကို အသာလေး
ဖွင့်ပြီး ရင်ခွင်ထဲမှ ခေါင်းလေးထောင်ကာ ကျွန်တော့်အား
မော့၍ ကြည့်လာလေရဲ့..." Chanyeol ah "
" ဟင်! ပြောလေ Baek "
" ငါတို့ ဘယ်ရောက်နေတာလဲ! . . . ဟင်! "
" ဒယ်ဂူ "
" သြော် . . . ဒယ်ဝူ . . . "
အိပ်ချင်မူးတူးလေးနဲ့ နှုတ်မှ စကား မပီတပီ ပြောရင်း
ရင်ခွင်ထဲသို့ ခေါင်းလေးဖြင့် ထပ် တိုးဝှေ့၍ ဝင်လာပြီး
ပြန် အိပ်ဖို့ ဟန်ပြင်နေသော သူ့အား ကျွန်တော်ပြုံးကြည့်ရင်း
သူ့ မျက်နှာ အရှေ့သို့ လက်ဖဝါးလေးဖြန့်လျက်
တစ်စက္ကန့်ကို လက်ညိုး တစ်ချောင်း ချိုးကာ ရေတွက်လို့နေ ။တစ် . . .
နှစ် . . .
သုံး . . .
" ဘာ!!! . . . ဒယ်ဂူ !!!! "
နိုးပါပြီ ။ ကျွန်တော့် ပါပီ ပေါက်စကလေး ။