BABYSITTER [ 06 ]

9.2K 869 43
                                    

(Zawgyi)



အချစ်​...!

မသိဘူး...။ မ​ပြောတတ်​ဘူး...။

ကျွန်​​တော်​ ​ဘယ်​ချိန်​ကစပြီး ဘယ်​လို ချစ်​တတ်​သွားသလဲ
ဆိုတာလဲ ကျွန်​​တော်​ကိုယ်တိုင်ေ​​တာင် ​မသိဘူး...

သူ့ကို ချစ်​မိသွားသလား ဆိုတာလဲ မ​ပြောတတ်​...

ဖြစ်​နိုင်​တာ​တော့...

ကျွန်​​တော်​ ပထမဆုံး ရင်​ခုန်​သံစတင်​တဲ့ အချိန်​ပဲ ဆိုရမလား...!

2011ခုနစ်​အထက်​တန်း​နောက်​ဆုံးနှစ်​၌

" Ya Baekhyun ဒီမှာ ကြည့်​စမ်း... "

စာသင်​ခန်းထဲ၌ ဆရာမရှိလို့ ခုံ​ပေါ်သို့​ ​မှောက်​ချကာ
ခိုးအိပ်​​နေတဲ့ ကျွန်​​တော့် ဘေးသို့ ဝင်​ထိုင်​ကာ
သူ့ လက်​ထဲက ဖုန်းကို ကြည့်​ခိုင်း​နေတဲ့ KyungSoo ။

" ဘာလဲကွာ "

ခေါင်းသို့​ မှောက်​လျက် မျက်​လုံးမဖွင့်​ပဲ ​ပြန်​​ပြောလိုက်​တဲ့
ကျွန်​​တော့်​အား မ​ကျေမနပ်​ဖြစ်​လျက်​...

ကျွန်​​တော့် ​မေးဖျား​လေးကို လက်​တစ်​ဖက်​နဲ့ ကိုင်​ပြီး
အ​ပေါ်သို့ ဆွဲ​မော့လိုက်​ကာ ကျန်​တဲ့ လက်​တစ်​ဖက်​နဲ့
သူ့ ဖုန်းကို ကိုင်​ကာ ကျွန်​​တော်ံ မျက်​နှာအ​ရှေ့သို့
ထောင်​ပြ​လေသည်​ ။

" ဒီမှာ ကြည့်​ "

ကြည့်​ဆိုလို့ သူစိတ်​ချမ်းသာ​အောင်​ တစ်​ချက်
ကြည့်​​ပေးလိုက်​ရာ ဘာများလဲလို့ ဟို လဒနားကားပုံဖြစ်​​နေရဲ့ ။

" အဲ့ဒါဘာဖြစ်​လဲ! "

ကျွန်​​တော်​​ ပြန်​​မေးလိုက်​တဲ့ စကားအဆုံး KyungSoo
တစ်​ယောက်​​ မျက်​လုံး​လေးပြူးကာ ကျွန်​​တော့်​အား
ပြူး​ကြောင်​​ကြောင်​ ပြန်​ကြည့်​ပြီး ​ပြောလာတဲ့စကား...

" မင်း ဘယ်​လိုမှ မခံစားရဘူးလား! "တဲ့

ကျွန်​​တော်​က ဘာကိုခံစားရမှာလဲ...​!

|| BABYSITTER || 《COMPLETED》Where stories live. Discover now