(၂) ဖူးစာရှင်ပေါ်လာခြင်း

11.8K 1.2K 90
                                    

#unicode

ကျွန်တော်တို့မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေမှာ ယုံကြည်ချက်တစ်ခုရှိတယ်။ပရိတ် ပဋ္ဌာန်း တရားတော်များသည် မကောင်းဆိုးဝါး ဘီးလူး သဘက်များကို ပြေးစေသည် ဟူသော ယုံကြည်ချက်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း

"ဟေ့ကောင် ပရိတ်တရားလေး ဘာလေး ဖွင့်ပါလား။"

ထို့ကြောင့်ပင် ကျွန်တော် သည် ပရိတ်တရားဖွင့်ရန် သက်ပိုင်ကို ပြောလိုက်သည်။ဟုတ်တယ် ဒီမကောင်းဆိုးဝါး သရဲကောင်ကို ပရိတ်နဲ့ ခြောက်လွှတ်ရမည်။

"ဟင် သရဲကောင် ဖုတ်ကောင် မကြာခင် မင်း ထွက် ပြေးရတော့မှာပါ"ဟု တစ်ကိုယ်တည်း ဟစ်ကြွေးလိုက်သည်။

"ပရိတ်သံလေးက သိပ်ကို အေးချမ်းစေတာပဲနော်"

ဟင်....အသံတစ်ခု ထပ်မံကြားလိုက်ရသည်။မြတ်ကာရန် ထင်ထားသည်မှာမြန်မာကားတွေ ထဲကလိုကြောက်လန့်တကား အော်သံကြီး ထွက်လာကာ ထွက်ပြေးသွားမည်ဟု ထင်ခဲ့သည် ။သို့သော်။

"ဘာလား ဒီ သရဲက ဘုန်းကြီး သရဲ များလား..ပရိတ်သံကိုမကြောက်ဘူးဆိုတော့..."ဟူသော အတွေးများ ဝင်ရောက်လာခဲ့သည်။

"ကလေး ဘာတွေ တွေးနေတယ်ဆိုတာ ကိုယ် သိတယ်နော်...ကိုယ်က သရဲလဲ မဟုတ်ဘူး....ဝိညဉ်လဲ မဟုတ်ဘူး...ကိူယ်က ဘီလူး တစ်ကောင်.ပြီတော့ ရိုးရိုး ဘီလူး မဟုတ်ဘူးဘုရားတရား လုပ်တဲ့ ဘီလူး...အဲ့ဒါ ကြောင့် ပရိတ်တရားဖွင့်ပြီး ကိုယ့်ကို နှင် လွှတ်လို့ မရဘူး..."

"ဟာ..... "

မြတ်ကာရန် အံ့သြ ထိတ်လန့်သွားသည်။ဘာမှဆက်မပြောရဲသည့်အပြင် အတွေးများပင် ဆက် မတွေးရဲတော့..ထိုသရဲသည် ကိုယ် တွေးသမျှကို အကုန် သိနေသည်။

"ကလေး ကိုယ်က သရဲ မဟုတ်ဘူးနော်...ဘီလူး...မီးခွက်စောင့် ဘီလူး..."

နားနားကပ်ပြီး ပြောနေသော်ကြောင့် ကြက်သီးများ တစ်ဖြန်းဖြန်း ထလေသည်။ရရာ ဘုရားစာ တွေသာ လိမ့်ဆိုနေမိတော့သည်။

"ကိုယ်က ကလေး ဘေးမှာ အမြဲရှိနေမှာ သိလား။"

အသံတစ်သံ ထပ် ကြားမိပြန်သည်။ သေလိုက်ပါတော့ ငါတော့ သွားပြီ။ မြတ်ကာရန် စိတ်ထဲမှာ ရူးထွက်ကျမတက် ကြောက်လန့်နေသော်လည်း မကြောက်ချင်ယောင်ဆောင်လိုက်လေသည်။

ခေတ်သစ်မီးခွက်စောင့်ဘီးလူး၏ဖူးစာရှင်(BL )Where stories live. Discover now