အခန်း(4) အတိတ်အကြောင်း

8.9K 939 58
                                    

#unicode

"လွန်ခဲ့တဲ့ နှစ် ၆၀၀ လောက်က
ဘီးလူး လောကမှာ ကိုယ်က
အရှင်သခင်လို့ ပြောလို့ရတယ်......
ကိုယ် တရားစောင့်တဲ့ အတွက်ကိုယ် ရဲ့ ဘုန်းတန်ခိုးတွေ ကြီးမားလာခဲ့တယ်။
ဒါကြောင့် နတ်မင်းကြီးတွေဟာ ကိုယ့်ကို ဘီးလူးလောကရဲ့ အုပ်ချုပ်သ
ူ ရှင် ဘုရင် အဖြစ် တာဝန်ပေးအပ်လိုက်တယ်"

မြတ်ကာရန်ထွဋ်သည် လူကိုမမြင်ရသော်လည်း
အသံကိုမူ ကြားနေရသော်ကြောင့်
စိတ်ဝင်တစားဖြင့်နားထောင်လေသည်။

"အွန်း ကျွန်တော်က သရဲတို့ ဘာတို့ ကြောာက်ပေမယ့် ခု ခင်ဗျားပြောတာကိုတော့ စိတ်ဝင်စားတယ်ဗျ ဆက်ပြောပါ"

"ဘီလူးတွေကို အုပ်ချုပ်ရတာ တကယ်
မလွယ်ဘူးကွ အထူးသဖြင့်
တရားမစောင့်တဲ့ ဘီလူးတွေ စည်းမစောင့် တဲ့ ဘီလူးတွေကို ကိုင်တွယ်ရတာ သိပ် ခက်ခဲတယ် "

မြတ်ကာရန်ထွဋ်သည် ထောက်ခံသည့် သဘောဖြင့်
ခေါင်းတစ်ငြိမ့်ငြိမ့် လုပ်လိုက်သည်။
"အွန်း အဲ့ဒီတော့ ဘာတွေဆက်ဖြစ်ကြလဲ"

"အဲ့လို ဘီလူးတွေကို အုပ်ချုပ်စီမံရင်းနဲ့ ကိုယ့်ကို တိုက်ခိုက်တတ်တဲ့ ကိုယ့်လိုပဲ အစွမ်းထက် တဲ့ ဘီလူး တစ်ကောင် ရှိတယ်.
သူက ကိုယ့်နေရာကို လိုချင်တာလေ ... ဘီလူးလောကရဲ့ဘုရင် ဖြစ် ချင်တာပေါ့ ဒါ တင် ဘယ်ကဦးမလဲ သူက နတ်ပြညိကိုပါ သိမ်းပိုက်ချင်တာ"

"အွန်း အဲ့တော့ ဘာတွေ ဖြစ်ကြလဲ"

"သူက သူ့လိုပဲ စွမ်းအားကြီးပြီး ရက်စက် ကြမ်းကြုတ်တဲ့ အသူရကယ်တွေနဲ့ မိတ်ဖွဲ့တယ် ပြီတော့ ကိုယ့်က်ု လာတိုက်တယ်"

သူဖတ်ဖူးသော  ဒိုင်ယာရီများနှင့် ခပ်ဆင်ဆင်ဖြစ်နေသောကြောင့်
မြတ်ကာရန်ထွဋ် အရမ်း စိတ်ဝင်စားသွားသည်။
"သူ နိုင်သွားလို့လား......"

"သူ မနိုင်ပါဘူး ... အဲ့ ဘီလူး အကြိမ်ကြိမ် ကိုယ်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ပေမယ့် အနိုင်အရှုံးမရှိပဲ အဆုံးသတ်ခဲ့ကြတယ်"

"ဆက်ပြောပါ"

"တစ်ရက်တော့ သူက တရားသောနည်းလမ်းနဲ့ မတိုက်ဘူး......ကိုယ် သောက်မယ့် သွေးထဲမှာ ကလေးငယ်ရဲ့ သွေး ကို ကိုယ် မသိအောင် ထည့်ထားတယ်....ကိုယ်က တရားစောင့်တဲ့နတ်ဖြစ်တဲ့အတွက် လူသား တွေကို မစားဘူး သူတို့ သွေးကိုလဲ မသောက်ဘူး။ အဲ့ အဓိဌာန်နဲ့ ကျင့်ကြံလာတဲ့အတွက် တန်ခိုးစွမ်းအားတွေ တိုးသထက်တိုးလာတာ။ သာမန် ဘီလူး တစ်ကောင်အတွက်ဆို ကလေးသွေးဟာ စွမ်းအင်တွေရစေတယ်။ ဒါပေမယ့် ကိုယ့်အတွက်ကျတော့ စွမ်းအားတွေကို တစ်ဝက်လောက် အထိ ဆုံးရှုံးသွားစေတယ်"

ခေတ်သစ်မီးခွက်စောင့်ဘီးလူး၏ဖူးစာရှင်(BL )Where stories live. Discover now