အခန်း (9)

8.3K 955 83
                                    

#Unicode

နာရီ တစ်ချက်ချက် မြည်သံနှင့်အတူ
ည 6 နာရီ ခွဲ အချိန်တို့ ရောက်ရှိလာသည်။

"အဟမ်း အဟမ်း"

မြတ်ကာရန်သည် ချောင်းအရင် ဟက်ကြည့်သည်။

"ဟဲလို ဟဲလို ဟဲလို"

စကားစမ်းပြောကြည့်တာ ရသွားမှန်း သိသည်နှင့် တစ်ပြိုင်နက်
အောက်ထပ် သို့ ပြေးဆင်းသည်။

"အမေရေ.....အမေ အဖေ..ရေ အဖေ"

လှေကားတစ်လျှောက်
အော်ကြီးဟစ်ကျယ်
ပြေးဆင်းကာ 7 အိမ်ကျော်
8 အိမ် ကျော် ကြားသည့်အထိ
အသံ ပြဲ နှင့် အော်ဟစ်နေတော့သည်။

"ဟဲ့ သား...
ဘယ်လိုဖြစ်လို့ အလန့်တကြား
အော်ကြီး ဟစ်ကျယ် ဖြစ်နေရတာလဲ...."

"အမေရေ...၊အမေရေ...ကျွန်တော် စကားပြောလို့ရပြီ..."

သားတော်မောင်၏ စကား ကြောင့် ဒေါ်ဝင့်ကာရန် တစ်ယောက် တစ်အံ့တစ်သြ ဖြစ်ခဲ့သည်။

"နေပါဦး မင်းက အရင်က အ နေလို့လား..."

"ဟာ အမေကလဲ ကျွန်တော် မနေ့ကနေ ခုချိန်ထိ ဝစီပိတ် ကျင့်နေတာလေ...အခု အချိန်ပြည့်လို့ စကားပြောလို့ ရပြီလို့ ပြောတာပါဗျ...."

"မင်းဘာ မင်း လျှာရှည်ပြီး ဘာကျင့်စဉ်တွေ လျှောက်ကျင့်မှန်းမှ မသိတာ..."

"ဟာ အမေကလဲ ဘာမှ မသိပဲနဲ့...."

"တော်စမ်းပါအေ...
ခေတ်ကာလ သားသမီးတွေများ
ဘာတွေ လုပ်နေကြမှန်းကို မသိတာ.."

"အမေက ခေတ်နောက်ကျနေတာကိုဗျ..."

ထုံးစံအတိုင်း သားအမိ နှစ်ယောက် အကြိတ် အနယ် စကားနိုင် လုတော့လေသည်။

ထိုစဉ်

"ကာရန်ထွဋ်
ဘာလို့ အမေနဲ့ စကားနိုင်လုနေတာလဲ...ကိုယ်က သားပဲ
အမေ ပျော်အောင် လျော့ပေးလိုက်ပါလား"

"ပါပြန်ပြီ ပေးဘူးဗျာ
အနိုင်ကျင့်စရာဆိုလို့ ဒီ အမေလေးပဲရှိတာ"

"အမယ် သားလေး အခုတော့ သိပြီပေါ့ နင့်အမေပဲ နင် အနိုင်ကျင့်လို့ရတယ်ဆိုတာ"

ဟောဗျာ မြတ်ကာရန် သည် ဘီလူးအားပြောသော်လည်း
အမေ သည်ကိုယ့်ငါးချဉ် ငါးချဉ် နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်လိုက်ရတော့သည်။

ခေတ်သစ်မီးခွက်စောင့်ဘီးလူး၏ဖူးစာရှင်(BL )Where stories live. Discover now