#unicode
"ခွေးကောင် ငထွဋ် ထတော့ကွ မင်း အိမ်ရှေ့ ရောက်နေပြီ"
နောက်ခန်းတွင် သားရည်များပင် ကျကာ အိပ်မောကျနေသော
မြတ်ကာရန်ထွဋ်ကို ကျန်သူများက ဝိုင်းအော်ဟစ်ကာ နိုးကြသည်။မြတ်ကာရန်ကမူ ကာလနဂါးအတိုင်း။အိပ်မြဲအိပ်နေ၏။
"ဟျောင့်တွေ လှူပ်နိုးကွာ ငထွဋ်ကောင် အိပ်လိုက်တာများ လူသေကောင်အတိုင်းပဲ"
"ဟေ့ကောင် ထကွ မင်း အိမ် ရောက်ပြီ"
မျက်နှာကို ဆွဲစိတ် လက်မောင်းတွေ ထုရိုက်တော့မှ မြတ်ကာရန် နိုးလာသည်။
"ဟင် ဘာလဲကွ မင်းတို့ကလဲ အိပ်လို့ကောင်းနေတာကိုး"
"ကျေးဇူးရှင်လေး နိုးလာပြီပဲ...ငါတို့က မင်းကို သေနေပြီတောင် ထင်တာ..။"
"ဖွ ဟဲ့ လွဲပါစေ ချော်ပါစေ သေစရာလားကွ"
"မသိဘူးလေ မငိး အိပ်တာက လူသေ အတိုင်းပဲ လှုပ်တောင်မလှုပ်ဘူး"
"ငင့် မင်းတို့ကလဲ အပိုပြောပြီ"
"အပိုပြောလား မပြောလား တခြားကောင်တွေကို မေးကြည့်စမ်းပါဦး"
"ဟုတ်တယ် ငထွဋ်ရေ...မင်း တစ်ခါမှ ဒီလို မအိပ်ဖူးပါဘူးကွ...ကြည့်ရတာ ပင်ပန်းသွားလိူ့နေမယ်"သူတို့ပြောမှ သတိထားမိသည်။ပုံမှန်ဆို ခရီးသွားလျှင် ကားပေါ်မှာ သူ အိပ်လေ့မရှိပေ။
"အွန်း ဟုတ်တယ် ဒီလိုမျိူး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖူးတာ ပထမဆုံးပဲ"
"ထားပါ ဆင်းတော့ မင်း အိမ် ရောက်နေပြီ မင်း ပစ္စည်းတွေ မေ့မယ်..သေချာစစ်ယူ"
"အွန်း..အွန်း.....နောက်မှ တွေ့မယ် သားပေါက်တို့ "
စာကလေးတွေလို ဆူညံပွတ်လောရိုက်စွာပြောဆိုပြီးနောက် မြတ်ကာရန်ထွဋ် အိမ်ထဲသို့ ဝင်ခဲ့သည်။သူနှင့်အတူ လက်သူကြွယ်တွင်လက်စွပ်ကလေးလဲ ပါလာသည်။
"မေမေရေ ဖေဖေရေ သား ပြန်လာပြီ"
"သား ကာရန် ဘယ်လိုလဲ ပျော်ခဲ့ရဲ့လား "
"ပျော်တာမှ ဟိုဘက်ကမ်းတောင် လွန်သေးတယ်"
"အေပါ သား ပျော်ရင် ပြီးတာပဲ..နေပါဦး သား လက်က လက်စွပ်ကြီးက ဘာကြီးလဲ.... ထူးထူးဆန်းဆန်း ဒီဇိုင်းပါလား"

YOU ARE READING
ခေတ်သစ်မီးခွက်စောင့်ဘီးလူး၏ဖူးစာရှင်(BL )
Fantasía#Unicode စစ်ရှူံးကာ ကျိန်စာမိသွားရသော ဘီလူး တိုင်းပြည်ရဲ့ ဘုရင်ဟာ..မီးခွက်ပုံစံ လက်စွပ် အတွင်း လှောင်ပိတ်ခြင်း ခံခဲ့ရသည်... တစ်နေ့တွင် ထို ဘီလူးအား ကျိန်စာမှ လွတ်မြောက်အောင် ဖန်တီးပေးလိုက်သော လူသားကောင်လေးနှင့် ဆုံတွေ့ခဲ့ရသည်. မီးခွက်စောင့်ဘီလူးတစ်က...