အခန်း(6)

8.5K 906 51
                                    

#unicode

ပတ်ဝန်းကျင် တစ်ခွင်လုံး ဆူညံ သံများ ပြည့်နှက်နေသည်။
အဝေးတစ်နေရာမှ အရေးပေါ် ကား အချက်ပေးသံကိုလဲ ကြားနေရပြီ။

"ကလေး...... ကလေး..."

ဟင် ဘီလူး လူကြီးရဲ့ အသံပါလား

"ကလေး.....ထတော့လေ ဘာလုပ်နေတာလဲ"

အသံ ကြား သော်လည်း လူကို မူ မတွေ့။
အားယူကာ ထလိုက်မိသည်။
ရင်ခွင်ထဲမှာလဲ ကလေးငယ် အား ဖက်မိလျက်ပင်

"ညီလေး...ညီလေး ဘာဖြစ်သွားသေးလဲ"

"ဘာမှ မဖြစ်ဘူး ကိုကြီးရော"

ကောင်လေး ပြောမှ ကိုယ့်ကို ကိုယ် ပြန်ကြည့်မိသည်။
ဘာဆို ဘာမှ မဖြစ်။
ခုနက ကားအရှိန်ဆို သေချာပေါက် သေရင်သေ.. မသေရင် ခြေကျိူး လက်ကျိုး ဖြစ်ကို ဖြစ်ရမည် ။
အခု ခြေရော လက်ရော အကုန် အကောင်းအတိုင်းရှိနေသည်။
နာကျင်ခြင်းကိုလဲ မခံစားရ။
.
.
.
မဟုတ်မှလွဲရော..
.
.
.
.
.
.
.ငါ သေ သွားပြီလား...
.
.
.
.
.
အခုက ငါ မဟုတ်တော့ပဲ ငါ့ ဝိညဉ်များလား
.
.
.
.
.
"ကောင်လေး ရ ရဲ့လား"

"ဟယ် ဒီလောက် ကားတိုက်သွားတာတောင် ဘာမှ မဖြစ်ဘူးတော်"

"ဟာ ခေတ်သစ် စူပါမန်းလား ဟ ကားတိုက်တာ ဘာမှ မဖြစ်ဘူး"

"လူကောင်းလေးမို့လို့ နတ်မတာပဲ"

"oH သခင်ယေရှူ ရေ ကျေးဇူး"

~ဟင် ငါ့ကို လူတွေ ဝိုင်းကြည့်ပြီး..မသေဘူးလို့ ပြောနေကြပါလား...
.
.
.
.
ဒါဆို ငါ မသေဘူးပေါ့.

ပိုပြီးသေချာစေရင် အနီးနားက လူကြီးတစ်ဦးအား

"ဦးလေး.. ဦးလေး...ကျွန်တော့်ကို မြင်ရလား"

"မြင်ရတာပေါ့ သားရယ်..သားကယ်လိုက်လို့ ဟိုကလေး အသက်ရှင်တာ... သတ္တိရှိလိုက်တာသားရယ်..လူစွမ်းကောင်းလေးပဲ"

"ဟင်"

ငါ ဘာလို့ မသေတာလဲ....

ကလေးငယ်အား နောက်ဆို ကားလမ်းကို သတိထားကူးရန်... သတိပေးခဲ့သည်။
ထို့နောက် အနားတွင် ဝိုင်းနေကြသော လူများ၏ အဝေးသို့ လမ်းလျှောက် လာရင်
အတွေးနယ် ချဲ့ မိသည်။

ခေတ်သစ်မီးခွက်စောင့်ဘီးလူး၏ဖူးစာရှင်(BL )Where stories live. Discover now