ဘီလူး ရာဇ၀င်

5.5K 619 32
                                    

ဒီ Fic လေး ကို ဖတ်ကြတဲ့ reader တို့ဟာ အနည်းဆုံးတော့ ဘီလူး နဲ့ လူ သား ကြားက သံယောဇဉ်ကို စိတ်ဝင်စားလို့ ဖတ်ကြတယ်လို့ပဲ ယူဆမိပါတယ်..တခြား အကြောင်းတွေလဲ ရှိနိုင်ပါတယ်.ဒီ Fic ကို ရေးရတာ ဒီတိုင်း စိတ်ကူးယဉ် သပ်သပ် ရေးလို့ မရပါဘူး Karen ဘီလူးနဲ့ပတ်သတ်တာတွေ  စာ တွေ ဖတ်ပြီးမှ ရေးရတာပါ..ခုထိ ရေးထားတာက Intro လောက်ပဲရှိပါတယ်..တိုတိုလေးတွေပဲ ဆိုတော့ စိတ်မကောက်ပါနဲ့နော်..နောက်အပိုင်းတွေ ရှည် ရှည် ရေးမှာပါ...စာဖတ်တဲ့သူတွေကို အပန်းဖြေတဲ့သဘောရော...ဗဟုသုတလေးပါ ရစေချင်လို့ပါ...အများကြီး ကြိုးစားပြီး စာဖတ်သူတို့ အချိန် ပေးရကျိူးနပ်အောင် ရေးပါ့မယ်.
ဒီ အောက်မှာ Wikiက ဖောိပြထားတဲ့ ဘီလူး ရာဇဝင်ပါ...စိတ်ဝင်စားဖို့ အရမ်းကောင်းပါတယ်...ဖတ်ကြည့်ပါနော်....

ပါဠိဘာသာ ဘိရု မှ မြန်မာ လို ဘီလူး ဖြစ်လာတယ်။ ဒါကို ပေါရာဏ ကထာ မှာ အသေးစိတ်ရှင်းထားသည် ။
ဘီလူးမှာ တခြားနာမည်တွေ ပါဠိမှာရော ၊ မြန်မာမှာရော ရှိပါသေးသည်။
ယက္ခ ၊ ရုက္ခသ ၊ ရက္ခိုသ် ၊ ဒါနဝ၊ ပေတ၊ ပိသာစ ၊ အမနုဿ ၊ ဥပါ စသည် အမျိုးမျိုး ခေါ်ကြသည်။

ဘီလူး (၂)မျိုး ရှိပါသည်။

(၁) ကုန်းမှာနေတဲ့ ဘီလူး။
(၂) ရေမှာနေတဲ့ ဘီလူး။
ကုန်းဘီလူးသည် တော၊တောင်၊သစ်ပင်၊အဆောက်အုံ ၊ မြေကွင်းပြင် တွေမှာ နေကြ၏။
ရေဘီလူးသည် သမုဒ္ဒရာ ၊ မြစ် ၊ ချောင်း၊ အင်း ၊အိုင် ၊ရေကန်တွေမှာ နေကြ၏။

အချို့ ဘီလူးတွေက နတ်မင်းဆီက ၊ ဘုရင်ဆီက နေရာ ဒေသ ပိုင်းခြားပြီး ၎င်း ၊ သတ္တဝါရဲ့ အပြုအမူ အရ ၎င်း သတ်ပြီး စာဖို့ အပိုင်စားရကြသည်။ အချို့ကတော့ မရပါ။

အချို့ကတော့ ထူးထူးခြားခြား နတ်မှာ ဖြစ်တဲ့ အစာ(သို့) လူတွေ ပူဇော်ပသတာတွေ စားခွင့်ရကြ၏။
အချို့ လက်နက်ကိုင် ၊ အချို့မကိုင် ။ အချို့တန်ခိုးကြီး၊ အချို့ မကြီး ။

ဘုံနဲ့ ခွဲရင်တော့ (၂)မျိုးရှိတယ် ဆိုပါသည်။
(၁) နတ်ပြည်မှာ ဖြစ်သောဘီလူးများ
(၂) လူ့ပြည်မှာ ဖြစ်သော ဘီလူးများ
နတ်ပြည်မှာ ဖြစ်သောဘီလူးတွေက ဝိရူဠက နတ်မင်းကြီးရဲ့ အခြံအရံ အလုပ်အကျွေးတွေ ဖြစ်ကြတဲ့ကုမ္ဘဏ်တွေ၊ ကုဝေရ နတ်မင်းကြီးရဲ့ အခြံအရံ အလုပ်အကျွေးတွေ ဖြစ်ကြတဲ့ ဣန္ဒာသောမ စသော ဘီလူးစစ်သည်များ ၊ တလောလော ၊ တတ္ထ လောလော စသော အစောင့်အရှောက် ကိုယ်ရံတော်ဘီလူးများနဲ့ သာမာန်ဘီလူးများဖြစ်ကြသည်။

ခေတ်သစ်မီးခွက်စောင့်ဘီးလူး၏ဖူးစာရှင်(BL )Where stories live. Discover now