အခန်း(7)

9K 968 77
                                    

#Unicode

''ဘာလို့လဲဆိုတော့ ကလေးက သူရဲကောင်း ဝင်လုပ်လိုက်လို့ပေါ့''

''သူရဲကောင်းဝင်လုပ်တယ် ဟုတ်လား''

''အင်းလေ''

''ကျွန်တော်က ဘာကိုသူရဲကောင်းလုပ်လို့လဲ''

''ကလေး ခုနက ကလေးကို ကယ်လိုက်တာလေ ''

''ကလေးကို ကယ်လိုက်တာနဲ့ ကျွန်တော့်ကို ဝိညာဉ် ကြည့်တာနဲ့ ဘာဆိုင်လို့လဲ''

''ဆိုင်တာပေါ့ကလေးရဲ့.....တကယ်တော့ ခုနက ကလေး ကယ်လိုက်တဲ့ကောင်လေး
က သူ့ဘာသူ ကားလမ်းဖြတ်ကူးတာ မဟုတ်ဘူး အဲ့ဝိညာဉ်ဝင်ပူးပြီး ကားတိုက်အောင်
လုပ်တာ''

''ဟမ် ဘာလို့ သူက အဲ့လို လုပ်တာလဲ ပြီတော့ ဝင်ပူးချင်တိုင်း ပူးလို့ရလို့လား''

''အဲ့ဝိညာဉ်က လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာ ကားတိုက်ပြီးသေ၇င်း မကျွတ်မလွတ်
ဒီနေရာရဲ့ အစောင့်ဖြစ်နေတာလေ...တကယ်လို့ သူနေရာကို အစားထိုးတဲ့သူရှိမှ
သူက ကျွတ်လွတ်မှာ...အဲ့ဒါကြောင့်...''

''ဒါပေမယ့် သူ့အနေနဲ့ အပြစ်မရှိတဲ့သူတစ်ယောက်ကို ဒီလို သေအောင် လုပ်ခွင့်မရှိဘူးလေ
ဝင်ပူးခွင့်လဲမ၇ှိဘူး''

''ပုံမှန်ဆိုရင်တော့ ဝင်ပူးလို့မရဘူးပေါ့ ဒါပေမယ့် ဘုန်းကံ နိမ့်နေတဲ့အချိန် အကုသိုလ်
တွေကြီးနေတဲ့အချိန်ဆိုရင်တော့ ဝင်ပူးလို့ရတယ်...ခုနက ကောင်လေးက အိမ်မှာ မိခင်နဲ့
မတည့်ဘူး အရမ်းရိုင်းတယ် ကျေးဇူးမသိတတ်ဘူး..အခုလဲ ဒီမလာခင် မိခင်နဲ့ စကားများလာတာ
ကံကလဲ နိမ့်နေတော့ အဲ့မှာ ဝင်ပူးခံရတာပေါ့..ဒါပေမယ့် မင်းက သွားကယ်တော့ ငါလဲ
မနေသာပဲ ကယ်ရတော့တာပေါ့...''

''ဒါဆို ကျွန်တော်က လူဆိုးကို ကယ်မိတာပေါ့''

''ကယ်ပြီးမှတော့ နောင်တ ရမနေပါနဲ့တော့....မြဲမြဲမှတ်ထား လောကကြီးမှာ ဒုက္ခရောက်တတ်တဲ့သူ
နှစ်မျိုးရှိတယ်....တစ်မျိုးက သူများကိစ္စဝင်ပါတတ်တဲ့သူ နောက်တစ်မျိုးက အမှတ်မရှိတဲ့သူ
အဲ့ လူ နှစ်မျိုးဟာ သူများ လုပ်လို့ အမြဲ ဒုက္ခရောက်တတ်တယ်...မင်းမှာ အဲ့အကျင့်တွေရှိရင်
အခုကတည်းကပြင်ပေတော့''

ခေတ်သစ်မီးခွက်စောင့်ဘီးလူး၏ဖူးစာရှင်(BL )Where stories live. Discover now