#unicode
"ဟင် ဘယ်မှာလဲ...."
မြတ်ကာရန်ထွဋ် မျက်လုံးပြန်ဖွင့်သောအခါ
သူမြင်ချင်သော ဘီလူးကို မတွေ့ပေ။"ကိုယ် ဒီမှာလေ....
ကလေးရှေ့ တည့်တည့်မှာ"အသံသာ ကြားသော်လည်း လူကိုမူ မတွေ့။
ကံနိမ့်မှ တွေ့ရတတ်တယ်ဆိုတဲ့ အဆိုတွေကြောင့် ကျွန်တော် မတွေ့ရတာများလား...ကျွန်တော် ဘုန်းတွေ ကြီးနေလို့ ဟိုက ပြပေမယ့် မမြင်ရတာ နေမယ်။"ကျွန်တော် မတွေ့ဘူး"
" ဘယ်တွေ့မလဲ ကိုယ်မှ ကလေးကို မပြရသေးတဲ့ဟာ"
"ဟာ..ခင်ဗျား
လူညစ်ကြီး..လူလိမ်ကြီး""ဘာ ညစ်လို့လဲ ကိုယ် ပြမယ်လို့ ပြောမိလို့လား မျက်လုံး မှိတ်...ပြီရင် ဖွင့်လို့ပဲ ပြောမိတာလေ.."
"ခင်ဗျား လူကြီး ဖြစ်ပြီး ကလိမ် ကကျစ် ကျတယ်"
"ကလေးက ဘာလို့ ကိုယ့်ကို တွေ့ချင်ရတာလဲ"
"ကျွန်တော်တွေ့ချင်တာ မဟုတ်ပါဘူး...ခင်ဗျားက ကျွန်တော်ထက် နုတယ်ဆိုလို့ ဟုတ်မဟုတ် သိချင်ယုံလေး"
"အဲ့ဒါတော့ စိတ်ချ ကိုယ့်ရုပ်ရည်က ကလေးထက် နုတယ်..ကိုယ့်ရဲ့ ပုံစံကို ပြောပြမယ်...အရပ်အားဖြင့် ခြောက်ပေ နှစ် ရှိတယ်....ကလေးလို ၅ပေ 7လက်မ မဟုတ်ဘူး...."
"သြော် လက်စသတ်တော့ လောရှည်ကြီး ကိုး"
"ကိုယ်က လောရှည် မဟုတ်ဘူး ကလေးက ပုနေတာ ပြီတော့..ကိုယ့်အသားအရေက ကလေးထက် ပို ဖြူပြီး ဝင်းတယ် ဘီလူးဆိုပေမယ့် ကြမ်းတမ်းတဲ့ အသားအရေ မရှိဘူး တရားစောင့်တဲ့ ဘီလူးဖြစ်တဲ့အတွက် အသားအရေ နူးညံတယ် "
"ဘီလူးက ကိုယ့်ငါးချဉ် ကိုယ် ချဉ် နေတယ်"
"မျက်နှာ ပုံစံအရဆိုရင် ကလေး ငယ်ငယ်ကတည်း အားကျနေရတဲ့ david beckham နဲ့ ဆင်တယ်"
"ကျွန်တော် သူ့ကို ကြိုက်မှန်း ခင်ဗျားက ဘယ်လိုသိတာလဲ"
"ကလေး ကိုယ့် လက်စွပ်ကို စွပ်လိုက်တဲ့အချိန် အချိန်မှာပဲ ကလေး မွေးလာတဲ့အချိန်က စပြီး ခုချိန်ထိ ဖြတ်သန်းခဲ့ရတဲ့ ပုံရိပ်တွေ ကလေး အကြိုက်တွေ ကလေးနဲ့ပတ်သတ်သမျှ မှတ်ညဏ်အားလုံးကို copy ကူးပြီး Paste ချလိူက်သလိူ ကိုယ့်ခေါင်းထဲမှာ အကုန် ရောက်လာတာလေ"
![](https://img.wattpad.com/cover/141550402-288-k316075.jpg)
YOU ARE READING
ခေတ်သစ်မီးခွက်စောင့်ဘီးလူး၏ဖူးစာရှင်(BL )
Fantasy#Unicode စစ်ရှူံးကာ ကျိန်စာမိသွားရသော ဘီလူး တိုင်းပြည်ရဲ့ ဘုရင်ဟာ..မီးခွက်ပုံစံ လက်စွပ် အတွင်း လှောင်ပိတ်ခြင်း ခံခဲ့ရသည်... တစ်နေ့တွင် ထို ဘီလူးအား ကျိန်စာမှ လွတ်မြောက်အောင် ဖန်တီးပေးလိုက်သော လူသားကောင်လေးနှင့် ဆုံတွေ့ခဲ့ရသည်. မီးခွက်စောင့်ဘီလူးတစ်က...