ep-3

5.5K 408 74
                                    

Zawgyi

ယနေ့သည် မင်းပြည့်သျှန် ကျောင်းတတ်ရမည့် ပထမနေ့ဖြစ်သည်။ မိမိ မကျွမ်းကျင်သော နယ်မြေသစ်ကို သွားရမည်ဖြစ်သောကြောင့် သူ အနည်းငယ်တော့ စိတ်လှုပ်ရှားမိသည်။ မဟုတ်မခံ စိတ်ဓာတ်ကလေးသာ ရှိပြီး လူအများနှင့် လိုက်လျောညီထွေးစွာ နေတတ်သော မင်းပြည့်သျှန် အတွက် အပေါင်းအသင်း ရှာမည်တော့မဟုတ်။ သိုပေမဲ့ မိမိနှင့် စိမ်းသက်သော နယ်မြေဖြစ်သည့်အတွက် အစစ အရာရာ အဆင်ချောပါ့မလား ဆိုသည့် စိုးရိမ်စိတ်ကတော့ ဝင်နေသည်ပင် ။

_
_
_

" ကလင် ! ကလင် ! "

အနောက်မှ စက်ဘီး ဘဲလ် တီးသံကို ကြားရသောကြောင့် လမ်းဘေးသို့ကပ်ရပ်လိုက်သည်။

" ဝှစ် ! "

လမ်းကျယ်ကြီး ရှိနေပါလျက်နဲ့ သူဘေးမှ ကပ်သီးလေးဖြတ်သွားသော စက်ဘီးပိုင်ရှင် သကောင့်သားကို အပြစ်မတင်အား။

တပတ်နွမ်း ကျောင်းစိမ်းလုံချည်တွင် ဟိုတစ်စက် ဒီတစ်စက် နေရာယူထားသော ညိုညစ်ညစ် ရွံ့စက်များကို စိတ်ပျက်စွာကြည့်နေမိသည်။

" ကျစ်! "

စိတ်ညစ်ညစ်ဖြင့် စုတ်တစ်ချက် သပ်မိသည်။ ဒါမျိုးတွေ ကြုံနေရပေါင်း များပြီဖြစ်သော်လည်း သူက အမှတ်မရှိစွာ ရေဗွက်အိုင်နားလေးမှ ကပ်ရပ်မိလေခြင်း။

" ဆော်ရီး မမြင်လိုက်လို့ကွာ။ နောက်တခါ လမ်းလျှောက်ရင် လမ်းဘေးကပ်လျှောက် "

စက်ဘီးနှင့် သကောင့်သားသည် အသံသာ ချန်၍ လူလုံးသည် ကျောင်းသားများကြား ပျောက်ကွယ်သွားလေပြီ။ သိုပေမဲ့ နေမိုးသား ထိုကောင်ကို သိသည်။ သူတို့အခန်းထဲမှ ဆရာမများ လက်လန်ထားသော လူဆိုးစားရင်းဝင် ကျောင်းသားထဲက တစ်ယောက်ပင်ဖြစ်သည်။ ထိုကျောင်းသားများသည် နေမိုးသားကိုဆို တစ်ခုမဟုတ်တစ်ခု ဒုက္ခပေးတတ်ကြလွန်းသည်။

အလကားသက်သက် ရန်စနေသည်ကို သိသော်လည်း ရန်ဖြစ်ခြင်းသည် သူနှင့် သက်ဆိုင်သည့် အလုပ်မဟုတ်သည်ကြောင့် တမင် ရှောင်ဖယ်နေခဲ့တာဖြစ်သည်။ ထိုကောင်တွေသည် တနေ့တခြား ပိုပိုဆိုးလာလေပြီ။ သည်းခံတိုင်း ရောင့်တတ်ချင်ကြသည် သတ္တဝါတွေထဲ လူသားတို့သည် ထိပ်တန်းအလွှာက ပါဝင်ပေသည်လား မသိ။

နွယ်Where stories live. Discover now