ep-35

2.5K 232 28
                                    

Zawgyi

နာရီများက သီတင်းပတ်များစွာအား ခေါ်ငင်သည်။ သဘာဝခရီးသွားလုပ်ငန်းအား အခြေကျဖို့အတွက် နေမိုးသားသည် သူရှိရာသို့ ရံဖန်ရံခါမှသာ လာချိန်ရသည်။ မင်းပြည့်သျှန်သည်လည်း ဆေးပညာပိုင်းအား နှိုက်နှိုက်ချွတ်ချွတ် သင်ယူအားထုတ်ရမည့်အချိန်ရောက်ပြီကြောင့် မန်းလေးနှင့်တောင်ကြီးအား အရင်လို ဒီးတိုက်မကူးသန်းအားပါ။ သို့ပေမဲ့ ၁ လလျှင် အနည်းဆုံး (၁) ခေါက်ခန့် လာရောက်အားပေးကြည့်ရှုတတ်သည်။ တိမ်ညိုရိပ်သည် မိမိအပေါ်ဝယ် ယင်းကဲ့သို့ သူငယ်ချင်းကောင်းများ ရှိသည်ကြောင့် ဝမ်းသာအားတတ်ရပါသည်။ မိမိ၏ လက်ကျန်အင်အားများကို မိမိအားသံယောဇဉ်ငင်သော လူသားများအတွက်သာ ဆုတ်ကိုင်ထားရပါ၏။ သို့မဟုတ်ပါက သူ လွှတ်ချလိုက်ပြီးဖြစ်သည်။ အဖန်ငါးရာငါးကမ္ဘာကို မကြောက်သော်ငြား မိမိချစ်ခင်ရသောသူများ ယူကျုံးမရဝမ်းနည်းရမည်ကို သူ ကြောက်သည်။

ယခု၌မူ ဖြူညစ်ညစ်အခန်းငယ်သည်သာ သူ့ရဲ့ မှီတွယ်ရာ။ စုတ်တံများနှင့်ဆေးဗူးများသည် အခန်းထောင့်တစ်နေရာ၌ ငြိမ်သက်စွာ လဲလျောင်းလျက်ရှိသည်။ မိမိ၏ အရှင်သခင်က ထူမတ်ပေးမည့်အချိန်အား စောင့်ဆိုင်းငံ့လင့်လျက်။  ကင်းဗတ်စဝါကျင်ကျင်က ပဲ့ကိုင်ရှင်အား စောင့်မျှော်ရင်း ထောက်တိုင်ပေါ်တွင် မှီတွယ်နေသည်။

ပန်းချီဆရာများသည် သူတို့၏ ဘဝ၌ masterpiece ကို ဆွဲရန် တာဝန်ရှိသည်ဟု သူကြားဖူးသည်။ မိမိ၏ ဘဝအတွက် မှတ်တိုင်တစ်ခု။ သူသည် သူ၏ masterpiece တစ်ခုကို မရေးဆွဲပဲ ဘဝကြီးအား အဆုံးမသတ်နိုင်ပါ။ သူ၏ ဘဝ၌ သူကိုယ်တိုင်က masterpiece ဟု ခံယူထားသော ပန်းချီကားကို ရေးဆွဲရမည်။ မိုနာလီဇာကဲ့သို့ နာမည်ကြီးရန်မလို။ ကြယ်တွေစုံသောည( starry night ) ကဲ့သို့ ဂန္ဓဝင်မြောက်ရန် မရည်ရွယ်ပါ။ မည်သူတစ်ဦးတယောက်ကမှ အပြောင်မြောက်ဆုံးပန်းချီလက်ရာဟု မသတ်မှတ်ပါစေ။ သတ်မှတ်ရန်လည်းမလိုပါ။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုပန်းချီကားအား ပြခန်းတွင် ရောင်းချပြသမည်မဟုတ်။ သူ ချစ်ခင်မြတ်နိုးရပါသော လူသားက တန်ဖိုးထားမြတ်နိုးလျှင် သူ ကျေနပ်ပြီ။

နွယ်Donde viven las historias. Descúbrelo ahora