ep-41

3.5K 198 28
                                    

Zawgyi

နွေဥတုကို ချဉ်းနင်းစပြုပြီဖြစ်သောကြောင့် တောင်ဇလပ်ပန်းနီနီတို့ကို မမြင်ရ။ ချယ်ရီပန်းပွင့်တို့ကိုဖြင့် ဟိုတပျောက်ဒီတကွက် တွေ့ရသေးသည်။ ကောင်းကင်က ကြည်ကြည်စင်စင်။ ဆောင်းလည်းမခေါ် နွေလည်းမမြည်သေးသည့် အခါသမယ။ နှင်းပွင့်ပျောက်သော်လည်း မြူခိုးငွေ့တို့ ကျန်သေးသည်။ မြူခိုးငွေ့ငွေ့ထဲမှ ဟိုးဝေးဝေးက မဏိပူရမြစ်ကို လှမ်းမြင်ရသည်။ နေရောင် မစို့မပို့အောက်က မြစ်ရေပြင်သည် လှိုင်းမထန်ဘဲ တငြိမ့်ငြိမ့် စီးသွင်နေပါ၏။

တနေ့လုံး တညလုံး ဆေးရုံမှာသာ လုံးပန်းနေရသော သူ့အား လူနာလည်းပါးသည်ကတကြောင်း သနားသည်ကတဖုံ ဆေးရုံက ခွင့်နှစ်ရက်တိတိပေးသောကြောင့် နေမိုးသားရှိရာသို့ လွှင့်လာခြင်းဖြစ်သည်။ မျက်နှာသာပြပြီး အလုပ်ရှိသည်ဟု ဆိုလျက် ပျောက်သွားသော ဆန်းသည် နေ့ခင်းထိတိုင် အရိပ်ကလေးမျှပင် မတွေ့ရသေး။ ခေါ်တုန်းကခေါ်ထားပြီး ယခုတွင်မူ တစိမ်းတို့အလယ် သူတဦးတည်းသာ ချန်ရစ်ခဲ့သည်။

နေမိုးသား မိတ်ဆက်ပေးသည့် ပေါခေါမ်းထန်ဆိုသည့်လူကတော့ သူ့အား ဂရုစိုက်ရှာပါသည်။ သို့သော် လိုအပ်သည့်အရာကိုသာ လုပ်ပေး၍ စကားတခွန်းမှမပြော။ နေရမည့်အခန်းကိုလိုက်ပြသည်။ မနက်စာယူလာပေးသည်။ အနီးတဝိုက်လျှောက်သွားလိုလျှင် သွားနိုင်အောင် စက်ဘီးတစီး ထားပေးသည်။ နောက် တကိုယ်ရည်တကာယ လိုအပ်သည့် အသုံးအဆောင်များယူလာပေးသည်။ သူက အရောတဝင် ရင်းနှီးဖို့ ကြိုးစားသောငြာ ထိုချင်းအမျိုးသားက မေးတခွန်း ဖြေတခွန်း။ထို့နောက် ထိုလူသည်လည်း လေကဲ့သို့ ဘယ်ဆီလွှင့်သွားမှန်း မှန်းဆမရတော့။ ဆရာ တပည့် လိုက်တော့ လိုက်ကြသည်။ နှစ်ယောက်လုံး မထုံတထေ။

နေမိုးသား၏ ခရီးသွားလုပ်ငန်းက ထင်ထားသည်ထက် ပိုတွင်ကျယ်သည်။ resort ကိုလည်း ချင်းရိုးရာအိမ်များကဲ့သို့ ဒေသငွေ့အပြည့်အဝရအောင် ဖန်တီးထားသည်။ တောင်ခါးပန်းကို မေးတင်သော ရိုးရာအိမ်လေးများက ချစ်စရာကောင်းနေကြသည်။ နေမိုးသားနေသည့်အိမ်က ဘန်ကလိုများထက် အနည်းငယ်ပိုကျယ်သည်။ ပုံစံကဖြင့် ဆင်ဆင်တူသည်။ မတူသည်က အိမ်အပြင်အဆင်။ တံခါးအဝင်ဝတွင် ကျွဲချိုတခုကို ချိတ်ဆွဲထားသည်။ ဧည့်ခန်းပတ်လည်တွင် ကလောအိမ်က နေမိုးသားအိပ်ခန်းတွင် တွေ့ခဲ့ရသော ရေဆေးပန်းချီကားချပ်တွေ။ စာအုပ်ဗီရိုကြီးက အနံကျယ်ပြီး အလျားကလည်း သူ့အရပ်ထက်ပင် မြင့်နေသေးသည်။    နံရံကပ်စင်ပေါ်တွင်လည်း သူမသိသော သားကောင်မျိုးစုံ၏ ခန္ဓာအစိတ်အပိုင်းတွေ ခင်းထားသည်။ ဧည့်ခန့်ဟု ခေါ်ရသော်လည်း ထိုင်ခုံမရှိ။ အခန်းအလယ်တွင် လေးထောင့်စားပွဲတစ်လုံးသာချထားလျက် သိုးမွှေးအခင်းတွေကို ပတ်ပတ်လည်ချထားသည်။ ဆောင်းတွင်းက အသုံးပြုပုံရသော မီးလင်းဖိုကြီးကို အခန်းထောင့်၌ ကပ်ထားသည်။

နွယ်Donde viven las historias. Descúbrelo ahora