ep-17

3K 316 21
                                    

Zawgyi

တောင်ပေါ်နွေသည် အညာနွေနှင့် ကွဲပြားစွာ အေးစိမ့်စိမ့်လေးရှိသည်။ စောင်ပုံထဲဆက်ကွေးချင်သော်ငြား တစ်ပါးအရပ်ဆိုသည့်အသိကြောင့် ကုန်းရုန်းထရသည်။ မင်းပြည့်သျှန် စာမေးပွဲပြီး၍ ကျောင်းပိတ်ချိန်တွင် နေမိုးသားက ဇာတိသို့ပြန်မည်ပြောသဖြင့် သူပါ တစ်ပါတည်း အလည်လိုက်လာခြင်းဖြစ်သည်။

သင်္ကြန်အတွင်း ဖြစ်သွားသော ကိစ္စများအား မင်းပြည့်သျှန်က နားလည်ပေးနိုင်၍သာ တော်ပါသေးသည်။ ကံကြမ္မာသည့် သူ့အား အနည်းငယ် အရေးပေးလာလေပြီ။

သူ အောက်ထပ်ရောက်တော့ ထမင်းစားပွဲဝိုင်းတွင် နေမိုးသား၏ ဆန်စေးပန်းကန်ကား တစ်ဝက်ကျိုးလုနီးနီး ဖြစ်နေပြီ။ နောက်ကျမှနိုးသော မိမိကိုယ်ကို ကျိန်ဆဲပစ်လိုက်သည်။ တကယ်ဆို သတိလေးကပ်ပြီး အိပ်သင့်သည်လေ။

မင်းပြည့်သျှန်က သူဝင်လာသည်ကို သိတော့ ပြုံးစိစိလိုက်ကြည့်သည်။ သူ မင်းပြည့်သျှန်ကို မသိချင်ယောင်ဆောင်၍ ကျွန်းကုလားထိုင်ကို ညင်သာစွာ ဆွဲယူရင်း  ထိုင်လိုက်သည်။

" အိပ်ပုပ်ကြီးလိုက်တာကွာ။ ငါမနက်စာ စားပြီးလို့မှ မနိုးရင် မင်းကို ရေနဲ့ပက်နှိုးမလို့ပဲ။ ကံကောင်းသွားတယ် မှတ် "

" ဟဲ့ ဧည့်သည်ကို ဘယ်လိုပြောလိုက်တာလဲ။ သား .... ဘာစားမလဲ ..... ကြိုက်တာ ယူစားနော်။ တကယ်လို့ စားချင်တာရှိလည်း ကြီးကြီးတို့ကိုပြော ... "

ပြည့်သျှန်၏ စနောက်မှုကို ကြီးကြီးက ဝင်ဟန့်ရင်း ကော်ဖီငှဲ့ပေးသည်။

ထို့နောက် သူ့အား နံနက်စားပွဲ အစုံအလင်တို့ကို ခင်းကျင်းကျွေးမွေးသည်။ သူသည် အိမ်မှာရောက်နေသည်လား ဈေးမှာ ရောက်နေသည်လား မသဲကွဲပါပေ။ ကျွန်းစားပွဲဝိုင်းကြီးပေါ်တွင် ရှမ်း တို့ပူးနွေး စသော တောင်ပေါ်အစားအစာများမှစ၍ ပြင်ပကုန်ဖြစ်သော ကိတ်မုန့်များသာမက ရာသီပေါ် သီးနှံမျိုးစုံကိုပါ ယွန်းအုပ်ကြီးဖြင့် တည်ခင်းထားသည်။ သူသည် မနက်စာ စားပွဲဝိုင်းကို ကြည့်ရင်း အံသြနေမိသည်။ ဒီလောက် အစားအသောက် အများကြီးကို ကုန်မှကုန်ကြပါ့မလား။ ဤသည်ကို ရိပ်မိသော မင်းပြည့်သျှန်က ....

နွယ်Where stories live. Discover now