ep-27

2.6K 265 21
                                    

Zawgyi

နေမိုးသားသည် ကပျာကယာ အိပ်ယာမှ ထလျက် အပေါ်ဝတ်အင်္ကျီကို ကောက်စွတ်လိုက်သည်။ ညဝတ်ပုဆိုးကို တန်းပေါ်ချိတ်ထားသော ဂျင်းဘောင်းဘီလဲကာ တိမ်ညိုရိပ်ဆီသို့ အလျင်သွားရသည်။ စောစောက လက်ခံရရှိသော ဖုန်းထဲမှ တိမ်ညိုရိပ်ဦးလေး အသံသည် သူ့နားထဲတွင် တဝဲလဲလဲ ပြေးလွှားနေပါ၏။

စက်ဘီးက ချိန်းကျနေသဖြင့် အခန်းဖော်၏ ဆိုင်ကယ်ကို ခတ္တယူခဲ့ရသည်။ ယနေ့မှ မန်းလေးလမ်းမများက ပိုပြီး ရှုပ်ထွေးနေသယောင်။ မီးပွိုင့်များသည်လည်း သူလာတိုင်း အနီကိုသာ ပြသည်။

ဪ .... ငါ့နှယ် ... အရေးကြီးပါသည်ဆိုနေကာမှ။

ဖုန်းဆက်ခဲသော ဦးလေး ဖုန်းလာကတည်းက ပုံမှန်မဟုတ်သည့် ကိစ္စဆိုတာကို သူ ခံစားမိသည်။ အားကိုတကြီးသူအား လှမ်းခေါ်သော ဦးလေးသည် သူ့တူလေးအတွက် မည်မျှတောင် စိုးရိပ်ပူပန်ရှာရော့မည်နည်း။

သူသည် တိမ်ညိုရိပ်တို့ အိမ်ရှေ့ရောက်တော့ ခြံဝင်းတံခါး သော့ခတ်သွားသည် နှင့်ကြုံရသည်။

" ကောင်လေး ... သူတို့ ဆေးရုံသွားကြတယ် "

မျက်မှန်းတန်းမိနေကြဖြစ်သော အိမ်နီးချင်း အဒေါ်ကြီးက သူ့အား လှမ်းပြောသည်။

" ဘယ်ဆေးရုံလဲဗျ "

" ဆေးရုံကြီးလို့ ပြောတယ်။ မင်းလာရင် အဲ့ဒီကို လွှတ်လိုက်ပါလို့ ဆရာက ဒေါ်ဒေါ်ကို မှာသွားတာ "

" ဟုတ်ကဲ့ ကျေးဇူးပဲနော် ဒေါ်ဒေါ် "

သူသည် မန္တလေးဆေးရုံကြီးသို့ တဖန်လိုက်ရပြန်သည်။ မီးနီတခုရပ်ရတိုင်း သူ စဉ်းစားမိသည်။ တိမ်ညိုရိပ်ထံတွင် မည်မျှ စိတ်ဖိစီးမှူတွေ ရှိနေပါသနည်။ ခုတလော တိမ်ညိုရိပ်သည် မျက်တွင်းများကျလာပြီး ခဏခဏ အန်သည်။ အစာမကြေပြီး အိပ်ရေးပျက်သည်ဟု တိမ်ညိုရိပ်က ဆင်ခြေပေးတတ်သည်။ ဆေးခန်းသွားပြမည်ဟု သူ ဆော်သြသော်လည်း ခေါင်းမာ၍ သာငြင်းဆန်နေသည်။

တိမ်ညိုရိပ်၏ စားပွဲအံဆွဲထဲတွင်လည်း အကိုက်အခဲပျောက်ဆေးများကို သူ တွေ့သည်။ မေးကြည့်သော်လည်း ဟိုလိုလို ဒီလိုလို ဝါးချရင်း စကားလွှဲသွားတတ်၏။ သိုပေမဲ့ မူးမေ့လဲလောက်အောင်ထိ မဖြစ်နိုင်ဘူးဟု သူ ယုံကြည်ထားသော်လည်း အခြေအနေက ယင်းသို့နှယ် ဖြစ်ချေပြီ။

နွယ်Donde viven las historias. Descúbrelo ahora