ep-15

3.2K 307 28
                                    

Zawgyi

သူသည် မယ်ဇယ်ပင်ကြီးမိုးထားသော ကွန်ကရစ်အုတ်ခုံလေးထက် အရိပ်ခိုနေပါသည်။ သူ့ဘေးတွင် မနေ့ကမှ အဖြေပေး၍ ရည်းစားတော်ထားသော လတ်လတ်ဆတ်ဆတ်ချစ်သူလေးရှိသည်။

ညနေခင်း လေပြေသည် ဆော့သွေ့တိုက်ခက်နေသည်။ လေထုသည် ကျယ်ပြန့်သောရေပြင်ကို ဖြတ်သန်းလာသည် ဖြစ်သောကြောင့် အေးမြမှုနှင့်အတူ လတ်ဆတ်မှုတို့ ရောယှက်ပါဝင်နေသည်။ တောင်သမန်အင်း၏ ဆည်းဆာချိန်သည် စာဖွဲမမှီနိုင်အောင်ပင် လှပလွန်းနေသည်။ ဦးပိန်သည် ညနေခင်း ကျန်မားရေးလိုက်စားသူများ၊ ဈေးသည်များနှင့် ကြက်ပျံမကျ စည်ကားနေသည်။ အင်းထဲတွင် ငါဖမ်းလှေများနှင့် အပျော်စီးလှေများသည် လူလားကူးခပ်နေကြသည်။

" ဦးပိန်တံတားကို စာရေးကြီး ဦးပိန်က ၁၂၁၁ခုနှစ်ကနေ ၁၂၁၃ ခုနှစ်ထိ တည်ဆောက်ခဲ့တယ်။ တိုင်လုံးရေ ၁၀၈၆ လုံးရှိပြီး အခန်းအရေအတွက်က ၄၈၂ ခန်းရှိတယ် "

နေမိုးသား၏ စကားများကို ပြန်ကြားယောင်လာသည်။ နှစ်ယောက်သား ဦးပိန်ကို လာခဲ့တာ ၃ နှစ်တောင် ရှိတော့မည်။ အထက်တန်းစာမေးပွဲပြီးတော့ သူတို့နှစ်ယောက်ရဲ့ ပထမဦးဆုံးခရီးစဉ် အညာမြေသို့ ခြေဆန်ကြခြင်း။ ကိုယ့်ဇာတိမြေဖြစ်လို့ အိမ်ရှင်ပီပီ ဧည့်ခံရမလားမှတ်ပါတယ်။ နေမိုးသားကချည်း မန်းလေးသမိုင်းကြောင်းကို နှုတ်တိုက်ရွတ်ပြသွားတာ။ ကိုယ့်မှာ ပါးစပ်အဟောင်းသားနဲ့ ဆွံအနေခဲ့ရသည်။ တိုးဂိုက်လုပ်မယ်ဟုသော သူ့ရည်ရွယ်ချက်ကို အဲ့ဒီအချိန်ကျမှ ပိုယုံကြည်လာသလိုပင်။

တောင်သမန် ဦးပိန်တံတားပေါ်ထိုင်တုန်းကလည်း သူပဲ ဦးပိန်သမိုင်းကြောင်းကို ရှင်းပြပေးခဲ့သည်။
တောင်မင်းကြီး ဘုရားသို့အသွား မယ်ဇယ်တန်းကို ဖြတ်တော့ " ရေချမ်းဒကာကြီး ဦးကြီးနဲ့ ဒေါ်အိုတို့က တံတားကနေ ဘုရားဖူးသွားတဲ့လူတွေကို အရိပ်ရအောင်လို့ ကုသိုလ်ပြုတာလေ။ ဒီမယ်ဇယ်ပင်တွေက နှစ်တရာကျော်လောက်တောင် ရှိနေပြီ " ဟု ဆိုသောအခါ သူ့မှာ ထပ်ဆင့်အံသြရပြန်သည်။ နေမိုးသားသည် မနာလိုချင်စရာကောင်းလောက်အောင် ထက်မြက်ပြီး အားကျချင်စရာကောင်းလောက်အောင် တော်လွန်းပါသည်။

နွယ်Where stories live. Discover now