ep-16

3.1K 314 17
                                    

Zawgyi

မန္တလေး၏ သင်္ကြန်ကား မြန်မာ့ယဉ်ကျေးမှုမပျက် သိုက်မြိုက်စွာ ဖွင့်လှစ်သည်။ မင်းပြည့်သျှန်တို့ အိမ်ရှေ့ဘက်ခြံရှိ ပိတောက်ပင်အိုကြီးမှ အပွင့်ဝါဝါတို့သည် မိမိတို့အိမ်ဘက်ထိ သင်းကြိုင်မွှေးပျံ့နေသည်။ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သည်ကြောင့် သင်္ကြန်နှင့်မလျှော်ညီစွာ တစ်လမ်းလုံး တိတ်ဆိတ်နေသည်။ လူသံမပြောနှင့် ခွေဟောင်သံတောင် မကြားရပါချေ။

သိကြားမင်းက လူ့ဋ္ဌာနီသို့ ကျဆင်း၍ ကဲလို့ဝပြီး နတ်ပြည်တောင် ပြန်တတ်တော့မည်။ မင်းပြည့်သျှန် အခုချိန်ထိ အကဲဖော်စပ်မရသော ဈာန်ရ,ရသေ့နှစ်ပါးကို စိတ်ဆင်းရဲစွာကြည့်နေမိသည်။ တစ်နှစ်မှ တစ်ခါကျရောက်တဲ့ သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွဲရမှာ စိတ်မပါလေဘူးသတဲ့။ နေမိုးသားက စိတ်မပါဘူးဆိုမှတော့ တိမ်ညိုရိပ်ကိုလည်း မေးရန်မလိုတော့ပြီ။ တခါတခါတွေးမိပါသည်။ တိမ်ညိုရိပ်ဆိုတဲ့ကောင်က နေမိုးသား ချီးစားရင်တောင် ချီးအရသာကို သိချင်လို့ လိုက်စားရင်စားလောက်သည်ဟု။ အမြဲ နေမိုးသား သဘောချည်းအတိုင်း။

ကြီးတော်တို့ကို ခက်ခက်ခဲခဲ ခွင့်တောင်းပြီး မန်းလေးဆင်းလာရတာကို ဒင်းတို့က ဧည့်ဝတ်မကျေချင်ကြ။ ဝါတော်ရ ပုဂ္ဂိုလ်ကြီးတွေကြားမှာ မိမိကပဲ နန့်နန့်တတ် ရွချင်နေသလိုလို။ နှစ်ယောက်သား လုပ်ပုံကိုက အချိုးမပြေကြဘူး။ တခါတည်း  ဂုတ်ကနေဆွဲပြီး ကျုံးထဲ ပစ်လွှင့်လိုက်ရ။ မင်းပြည့်သျှန်ရဲ့ သည်းခံနိုင်စွမ်းတွေကို စမ်းသပ်နေကြသည်။

ဒီနေ့တော့ ရအောင် ခေါ်မှဖြစ်မည်။ ဘယ်နှယ့် သိကြားမင်းတောင် နတ်ပြည်တတ်တော့မယ်။ သူတို့က ခုထိ အိမ်ထဲကနေ အိမ်ပြင်ကို မထွက်ကြဘူး။ သူ့အိမ်လိုက်ခဲ့လို့ခေါ်တော့ သကောင့်သားနှစ်ကောင်က ကြည်ကြည်ဖြူဖြူတော့ လိုက်လာကြသည်။ ဒီရောက်တော့ စားသောက် အိပ်စက် အနားယူပြီး စည်းစိမ်ယစ်နေကြသည်။ မင်းပြည့်သျှန်၏ အဖော်စပ်မှုကို အဖတ်တောင်မဟုတ် အရည်ပင်မလုပ်ကြချေ။

" သင်္ကြန်အတတ်နေ့တောင် ရှိနေပြီကွာ။ မဏ္ဍာပ်မထိုင်ချင်တောင် လမ်းလျှောက်သင်္ကြန်လေးတော့ သွားလည်ရအောင်ပါကွာ။ ငါ့ကိုလည်း သနားကြပါဦး။ ကြီးတော်တို့ကို မနည်းခွင့်တောင်းပြီးလာရတာ သင်္ကြန်က ဒီလိုပဲ ကုန်ဆုံးသွားရတော့မှာလား ........ "

နွယ်Donde viven las historias. Descúbrelo ahora