အပိုင်း၃

443 68 13
                                    

ပြူတင်းတံခါးဆီက​နေ ထိုး​ဖောက်​ဝင်​​ရောက်​လာ​သော ​နေ​ရောင်​ခြည်​​အချို့ က အခန်းတွင်းကို ဖြန့်​ကျက်​၍ ဝင်​​ရောက်​လာသည်​...

စူးကနဲ  ကျ​ရောက်​လာ​သော ​နေ​ရောင်​ခြည်​နဲ့အတူ သူမနိုးလာခဲ့သည်​...

အိပ်​ရာမှ လူးလဲထပြီး ပြတင်းတံခါး​ပေါက်​ကို ဖွင့်​လိုက်​မိ​တော့
လေညှင်းတစ်​ချို့ က အခန်းတွင်းသို့ အလုအယက်​ ဝင်​​ရောက်​လာ​လေသည်​..

.မိုး​ကောင်းကင်​ကလည်း ကြည်​လင်​​တောက်​ပလို့ ​နေ​ပေသည်​..

်​ဒီနေ့ က သူ၏ ၃၈နှစ်​ ပြည့်​​မွေး​နေ့...

သူ၏ မွေး​နေ့တွင်​ အမှတ်​တရ ဖြစ်​​စေရန်​ fansign နှင့်​တကွ သူ၏ ablum အသစ်​အား မိတ်​ဆက်​​ပေးမည့် အကြောင်း..။

လွန်​ခဲ့​သော နှစ်​ပတ်​ခန့်​က ထိုအ​ကြောင်းကို သူ SNS ​ပေါ်တင်​ခဲ့သည်​...

အမြဲပင်​ သူမတို့ အား အံသြသင့်​​စေခဲ့​သော သူသည်​ ထိုအ​ကြောင်းကိုလည်း ရုတ်တရက်​ပင်​ ​ကြေငြာကာ အံသြသင့်​​စေခဲ့ပြန်​သည်​..

မ​တွေ့မြင်​ခဲ့ရသည်​မှာ ဆယ်​စုနှစ်​ ကြာခဲ့ပြီဖြစ်​​သော ​သောကြာ​နေ့အချို့ ကိုလည်း ထို​နေ့ က သူမတို့ ပြန်​လည်​​တွေ့ခဲ့ရပါသည်​..

သူမ fansignသို့  မသွားဖြစ်​ခဲ့သည်​မှာ နှစ်​အ​တော်​ပင်​ကြာခဲ့ပြီ..
မှတ်​မှတ်​ရရ လွန်​ခဲ့​သော ငါးနှစ်​ သူ လက်​ထပ်​ခါနီး ပြုလုပ်​ခဲ့​သော fansign က ​နောက်​ဆုံးပင်​..

ထို​နေ့က ဆယ်​နှစ်​တာအတွင်း ပထမဆူံးအကြိမ်​အဖြစ်​ သူ့အား အနီးကပ်​​ တွေ့ခွင့်​ရခဲ့သည်​..

ထို​နေ့က သူနှင့်​အတူ နှစ်​​ပေါင်းများစွာရှိခဲ့ပါ​သော မိန်းက​လေးတို့ ၏ ပါးပြင်​ထက်​တွင်​ မျက်​ရည်​စအချို့ တွဲ ခို​နေခဲ့သည်​..

သူသည်​ကား.နှူတ်​ခမ်းကို တင်းတင်း​စေ့၍ လွန်​ခဲ့​သော အချိန်​အချို့  ထိုမိန်းက​လေးအား သူမိတ်​ဆက်​​ပေးခဲ့စဉ်​ကအတိုင်း ​နောင်​တရချင်းကင်းမဲ့စွာဖြင့်​  ရပ်​​နေခဲ့သည်​...

ချစ်​ခြင်းဖြင့်ထုံမွှန်း၍မြတ်​နိုးခြင်းဖြင့်ဘောင်​ခတ်​ထားသည်​ Nơi câu chuyện tồn tại. Hãy khám phá bây giờ