အပိုင်း၇

461 66 8
                                    

အပေါ်ဝတ်ကိုချွတ်ရင်း ထိုင်ခူံပေါ်သို့ သူ့ ခြေပစ်လက်ပစ်ထိုင်ချလိုက်မိသည်..
အနားယူတော့မယ်လို့ ဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ မပြီးသေးတဲ့ သီချင်းတွေ studio ကိစ္စတွေနဲ့ ရှူပ်နေတာမို့..မနားဖြစ်သေး..
သူ့ fansတွေကို သံယောဇဉ် မပြတ်နိုင်သေးတာလည်း ပါသည်...

လုပ်လက်စ computer ကို ဖွင့်ပြီး မပြီးသေးသော သီချင်းကို ဆက်လုပ်နေမိစဉ်...

ဖုန်းမြည်သံကြောင့်ကြည့်လိုက်မိတော့..
မေထံမှ ဖြစ်နေသည်..

သူအိမ်မပြန်ဖြစ်သည်မှာ ရက်အတော်ကြာပြီ..
အခုရက်ပိုင်းအလုပ်တွေရှူပ်နေတာနဲ့ သားလေးမျက်နှာကိုပင် ကောင်းကောင်းမကြည့်ဖြစ်သေး...

"အကို အလုပ်တွေအရမ်းကြီးလုပ်မနေနဲ့အုံး"

အသံတိုးလျလျပြောလာခဲ့သော မေ့ အသံနှင့်အတူ သားငယ်၏ငိုသံစူးစူးကိုပါ ကြားလိုက်မိသည်...

ဖုန်းထဲနေ မေချီထားသော သားငယ်ကို ချော့မြူလိုက်တော့..သားငယ်က ခိုးခိုးခတ်ခတ်နဲ့ ရယ်လာလေရဲ့...

! ကလေးလေးက မင်းနဲ့ သိပ်တူတယ်!

တစ်စုံတစ်ယောက် ရဲ့ ပြောသံအချို့ကို ပြန်ကြားယောင်လာမိသည်..

သူ့ရဲ့ မျက်ဝန်းတောက်တောက်တွေကို ပိုင်ဆိုင်ထားသည့် သားငယ်သည် တကယ့်ကို သူနှင့်တူလွန်းသည် အမှန်...

သူ့တွင် မပါရှိသော မေ့ထံမှ အမွေရသည့် ပါးချိုင့်ရှည်တွေကလွဲရင် သားငယ်သည် သူနှင့် တစ်ပုံစံထဲ..

မေ့အကြောင်းတွေးမိပြန်တော့
သက်ပြင်းရှည်တစ်ချက်ချလိုက်မိသည်..

မေ...

သူရဲ့ Luweiတွေအစားမေ့ကို သူရွေးချယ်ခဲ့သည်..

မျက်ရည်တွေနဲ့ တားနေကြရှာသော
မိန်းကလေးငယ်တွေကို သူလျစ်လျူရှူရင်း သူ့အတွက် ကိုယ်သာ ကြည့်ခဲ့သည်...

လုပ်ငန်းရှင်တစ်ယောက်ရဲ့ သမီးဖြစ်တဲ့ မေ့အတွက်..
Idol တစ်ယောက်ရဲ့ ဇနီးအဖြစ်
မလွယ်ကူခဲ့ပါ..

သို့သော်ငြား အပြစ်တင်သံတွေကြား မေက သူ့အနားမှာ အဆုံးထိ ရှိနေပေးခဲ့သည်...

ချစ်​ခြင်းဖြင့်ထုံမွှန်း၍မြတ်​နိုးခြင်းဖြင့်ဘောင်​ခတ်​ထားသည်​ Donde viven las historias. Descúbrelo ahora