အပိုင်း၁

1K 96 28
                                    

လကုန်​တိုင်း ကျင်းပ​နေကျ အခမ်းအနားတစ်​ခုက သိပ်​​တော့မထူးခြားလှ...

လတိုင်း လကုန်​ခါနီးဆို ကုမ္မဏီတစ်​ခုလုံး အလုပ်​ရှူပ်​​နေတတ်​၍ ဆူညံခြင်း၌ ကျင့်​သားရ​နေ​သော်​လည်း အေး​အေး​ဆေး​ဆေး​နေတတ်​​သော သူမ၏​မွေးရာပါဗီဇက သည်းမခံနိုင်​သဖြင့်
သူ​ဌေးအား အိမ်​​စော​စောပြန်​ခွင့်ပြုရန်​ ခွင့်တောင်းမိသည်​..

ခါတိုင်းဆို ဆူခံရမည်​မှာ​ သေချာ​နေ​သော်​လည်း ယ​နေ့မှ
ဘာစိတ်​ကူး​ပေါက်​လဲမသိ..

"​အေး..မင်းပြန်ရင်လည်းပြန်လေ"ဟုဆိုကာ ​ရှော​ရှောရှူရှူခွင့် ပြုသဖြင့် အံသြမိ​သေးသည်​...

သူမက..​ဆောက်​လုပ်​​ရေးကုမ္ပဏီတစ်​ခု​မှာ မန်​​နေဂျာ..

အလုပ်​များ​ပေမယ့် လစာ​တော့မဆိုးလှ...
အိမ်​ကိုလည်း ပြန်​​ထောက်​နိင်​သည့်အပြင်​ သူမရှာသမျှ စိတ်​ကြိုက်​သုံးနိုင်သေးသည်..

ယခု သူမအသက်​ ၃၀
လူ့သက်​တမ်း၏အချိန်​တစ်​ဝက်​ကို
​ကျော်​လွန်​ခဲ့ပြီဖြစ်​သည်​...

သို့​သော်​ငြား..
သူမသည်​ ယခုထိတိုင်​ တစ်​ကိုယ်​တည်​းသမားဖြစ်​​နေဆဲ..

လူအများက.."ဒီအသက်​ဒီအရွယ်​​ရောက်​ပြီ အိမ်​​ထောင်​မပြု​သေးဘူးလား"ဟု​မေး​လေတိုင်း..
သူမအပြုံးတို့ဖြင့်သာတုံ့ပြန်​ဖြစ်​၏..

အ​ကြောင်းသိ သူငယ်​ချင်းအချိူ့ကမူ..သနားဂရုဏာသက်​​လေဟန်​ဖြင့်..
"အခုထိ သူ့ကို​စောင့်နေတုန်းလား
နင့်မှာလည်းဝဋ်​ကြီးလိုက်​တာဟယ်​"ဟုဆိုတတ်​ကြ၏..

အ​တွေးလွန်​​နေခဲ့ရာမှ..
ကားဟွန်းသံကြားမှ အိမ်​ပြန်​​ရောက်​​ကြောင်းသတိထားမိ​တော့သည်​..
ကားသမားလူငယ်​အား ​ကျေးဇူးတင်​စကားဆိုရင်း
သူမကား​ပေါ်မှ ဆင်းလိုက်​သည်​..

အိမ်​ထဲသို့လှမ်းဝင်​မိ​တော့
ထုံးစံတိုင်းမွေးသမိခင်​၏ ပူညံ​နေသံကိုကြားရသည်​..
ဆယ်​စုနှစ်​အတွင်း အရာအားလုံး​ ပြောင်းလဲသွား​ပြီဖြစ်​​သော်​လည်း သူမမိခင်​က​တော့မ​ပြောင်းလဲ အရင်​တိုင်း ဆူညံပူညံလုပ်​​နေတတ်​ဆဲ..

ချစ်​ခြင်းဖြင့်ထုံမွှန်း၍မြတ်​နိုးခြင်းဖြင့်ဘောင်​ခတ်​ထားသည်​ Tempat cerita menjadi hidup. Temukan sekarang